Chapter.88(U&Z)

419 56 3
                                    

Unicode.

ငါကိုင်ထားတဲ့ ဒူးလေးအသိမ်းခံလိုက်ရပြီး သူရဲကောင်းတွေဆွဲခေါ်တာခံလိုက်ရတယ်၊ပြီးတော့ နန်းတော်ရဲ့မြောက်ဘက် ရဲတိုက်မှာ အပိတ်ခံထားရတယ်၊

ကံကောင်းချင်တော့ ဒါကအကျဉ်းသားတွေအချုပ်ခံထားရတဲ့ မြေအောက်အကျဉ်းထောင်မဟုတ်ခဲ့ဘူး၊အဲ့တာက သန့်ရှင်းသပ်ရပ်တဲ့အခန်းတစ်ခုဖြစ်ပြီး မင်းမျိုးမင်းနွယ်တွေ တရားရုံးမသွားခင်နေတဲ့အခန်းဖြစ်တယ်၊တံခါးကသံတိုင်တွေသယမရှိဘူးဆိုရင် ထောင်လို့ယုံဖို့ခက်လိမ့်မယ်၊

' ဒီမှာဘာတွေဖြစ်နေတာလဲ '

အခန်းကိုအကြမ်းဖျင်းလိုက်ကြည့်ပြီး အိပ်ရာပေါ်မှာသက်ပိင်းရှိုက်ရင်း ထိုင်ချလိုက်တယ်၊

' ငါမသိတော့ဘူး၊Derrick ဘယ်လောက်တောင်... '

အရိုးသားဆုံးပြောရရင် မျိုးရိုးမြင့်လုပ်ကြံသူတွေရဲ့ တိုက်ခိုက်တာခံရတာထက် ညီးငွေ့ဖို့ကောင်းတဲ့အထိ ပွစိပွစိပြောမဲ့Derrick ကိုပိုစိုးရိမ်နေမိတယ်၊

-ပြီးတော့ ဒီတစ်ခါ မိသားစုဂုဏ်သိက္ခာကိုကျဆင်းအောင်လုပ်ရင် အကျဉ်းထောင်နဲ့ပဲအဆုံးသတ်သွားမှာမဟုတ်ဘူး၊

ငါ့မိသားစုကို သိက္ခာမကျစေရဘူးလို့ ငါပြောခဲ့ပြီးတော့ အခုဒီကိုရောက်လာရတယ်၊

'' ဟားဟား... ''

ငါစိတ်လျော့ပြီးရယ်မောလိုက်တယ်၊ဒီသောက်ရူးဂိမ်းရဲ့ဇာတ်ကြောင်းက ဘယ်လ်ုဆက်သွားမလဲ ငါမသိဘူး၊သေချာတာတစ်ခုက ငါကအပိိုင်းတွေထဲကတစ်ခုအနေအထားမှာပဲ

ငါ့အိပ်ကပ်ထဲမှာထည့်ထားတဲ့ ဓားမြှောင်ကိုဆွဲထုတ်လိုက်တယ်၊

တကယ်တေယ့ ငါEckartတွေရဲ့ ငှက်ပစ်နိုင်စွမ်းကို ကြောက်မိတယ်၊သူတို့ငါ့ဒူးလေးကိုသိမ်းသွားပေမဲ့ မင်းသမီးခန္ဓာကိုယ်ကိုတော့ စစ်ဆေးရှာဖွေတာမျိုးမလုပ်ဘူး၊

အဲ့တာကြောင့် ငါအခုလို စိတ်ချလက်ချနေနိုင်တာဖြစ်တယ်၊

'' လုပ်ကြံသူတွေရဲ့ အမှတ်အသား... ''

ဂူထဲမှာတုန်းက အရမ်းကိုစိတ်ရှုပ်နေတာမလို့ ဓားမြှောင်ကိုအနီးကပ်မကြည့်နိုင်ခဲ့ဘူး၊

Death is the only ending for the villainess.Tempat cerita menjadi hidup. Temukan sekarang