Unicode.
အစည်းဝေးခန်းမထဲကနေ ထွက်လာပြီးတဲ့နောက်၊ဘယ်သူမှမရှိပဲ တိတ်ဆိတ်တဲ့နေရာကို ရောက်တဲ့အချိန်မှသာ ငါစိတ်လျော့ပြီး Vuinterကိုတောင်းပန်လိုက်တယ်၊
'' ကျွန်မတောင်းပန်ပါတယ် Marquis၊ခွင့်ပြုပါဦး ''
Vuinterကဘာမှမပြောပဲ ငါ့ကိုကြည့်နေခဲ့တယ်၊သူ့ရဲ့လက်မောင်းတွေကြားကနေ တစ်ခုခုကို ဆွဲထုတ်လိုက်တယ်၊ပြီးတော့အဲ့တာကို ငါ့ဆီကမ်းပေးရင်း မမျှော်လင့်ထားတာ တစ်ခုခုကို ပြောလိုက်တယ်၊
'' မငိုပါနဲ့ ''
'' ရှင်... ? ''
ငါသူပြောတာကို နားမလည်တာကြောင့် ခေါင်းကိုစောင်းငဲ့လိုက်ပြီး မျက်နှာကိုထိဖို့လက်ကိုမြှောက်လိုက်တယ်၊
ရက်အတော်ကြာ အိပ်မပျော်မှုကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့ ငါ့ရဲ့မျက်နှာက စိုစွတ်နေတာမျိုးရှိမနေခဲ့ပါ၊သေချာပေါက် ငါငိုနေတာမဟုတ်ဘူး၊
'' ရှင်ဘာတွေပြောနေတာလဲ ''
'' ကျွန်တော်က ချစ်စရာမျက်ဝန်းတွေကနေ တွေ့နေရတဲ့ ဝမ်းနည်းမှုတွေကိုပြောနေတာပါ ''
'' ... ''
'' မင်းသမီးက ရယ်မောနေတာထက် ဝမ်းနည်းနေတဲ့အချိန်က ပိုများနေတယ် ''
Vuinterက ငါမေ့နေခဲ့တဲ့ ပထမဆုံးတွေ့ဆုံတုန်းက အခြေနေကို သတိရသွားစေခဲ့တယ်၊တစ်ချိန်တည်းမှာပဲ ပျက်ယွင်းနေတဲ့ငါ့မျက်နှာကို မတောင့်ခံထားနိုင်ခဲ့ပါဘူး၊
အဲ့တာက တကယ့်ကိုအလိမ်ညာတစ်ခုပါပဲ၊ ငါက အကျဥ်းထောင်ကိုရောက်လာခဲ့တဲ့ Derrickကို ငါပြောတာတွေနားထောင်ပေးပြီး ကူညီဖို့ကိုမျှော်လင့်ခဲ့တယ်၊အဲ့တာက သောက်ရေးမပါတဲ့ဂိမ်းရဲ့ Hard moodထဲရောက်နေတာကို သိနေတာတောင်၊အဲ့တာက အပြင်လောကနဲ့ ကွာခြားတဲ့ဂိမ်းဖြစ်နေတယ်၊
Gameထဲမှာ နှစ်သက်မှုနဲ့မဆိုင်တဲ့ ဒရမ်မာအချိုးအကွေ့တွေရှိနေတယ်၊'' ရှင် ''
ငါခပ်ဖျော့ဖျော့ရယ်လိုက်ပြီး နောက်ကျမှအဖြေပြန်ပေးလိုက်မိတယ်၊
'' ကျွန်မတစ်နေ့လုံး စိတ်အေးလက်အေးပြုံးရယ်နိုင်တဲ့နေ့ ရှိလာမှာလား ''
YOU ARE READING
Death is the only ending for the villainess.
RandomMM Translation... Chapter.81 to...