Unicode.
ဇာတ်လမ်းအဆုံးသတ်ကိုကြားပြီးတဲ့နောက်မှာ ငါမင်သက်သွားရတယ်၊
ဘယ်လိုမတော်တဆမှုမျိုးက ဝက်ဝံအသေရဲ့ခေါင်းကို ချက်ချင်းဖြတ်နိုင်ခဲ့စေတာလဲ၊အတော်လေးခရီးရောက်နေတဲ့ပုံပြင်လေးက လေပြင်းမုန်တိုင်းနဲ့တွေ့ပြီး အဝေးကိုပြောင်းသွားတဲ့ပုံပေါ်တယ်၊အိမ်ရှေ့စံက ငါလန့်ပြီးတိတ်ဆိတ်သွားတာကို လှောင်ရယ်နေခဲ့တယ်၊
'' ဒါပေမဲ့ မင်းသမီးက မရဲတင်းလွန်းဘူးလား၊ကိုယ့်လိုအချောင်သမားမဟုတ်ပဲ မင်းကိုယ်တိုင် အဲ့တာကိုရင်ဆိုင်ခဲ့တယ်လေ... ''
ငါမသိလိုက်ခင်မှာပဲ သူကသူ့ရဲ့မူရင်းပုံစံကိုပြောင်းနေခဲ့ပြီ၊စက်ဆုပ်ဖို့ကောင်းတဲ့အပြုံးတွေအပြည့်နဲ့
အိမ်ရှေ့စံရဲ့မျက်နှာကိုကြည့်နေရင်း...သူကငါ့ကိုသရော်နေတာမဟူတ်ပေမဲ့ အရင်နေ့ရက်တွေက သူ့ကိုယ်သူသရော်နေခဲ့တယ်၊
'' မင်းရဲ့ ဒူးလေးပစ်တဲ့စွမ်းရည်က ကိုယ်ထင်ထားတာထက်တောင်ပိုနေသေးတယ်... ''
'' ... ''
'' အတွေ့ကြုံများတဲ့ တချို့မုဆိုးတွေတောင်မှ ရုတ်တရက်ဝက်ဝံနဲ့ကြုံလာရရင် မင်းလိုတည်တည်ငြိမ်ငြိမ်နဲ့ မနေနိုင်ကြဘူး၊တကယ်လို့ သူသာနောက်လှည့်ပြီးပြေးခဲ့ရင် သူမကြာခင်ဖန်းမိသွားပြီး သူ့ရဲ့ခြေလက်တွေ ဆုတ်ဖြဲခံရလိမ့်မယ်... ''
'' အဲ့တာကြောင့် မင်းရဲ့အသုံးမဝင်တဲ့အတွေးတွေကို ဘေးချထားပြီး မင်းရဲ့အသိစိတ်နဲ့ပြန်တုန့်ပြန်နိုင်တဲ့အစွမ်းကိုသာ ဂုဏ်ယူလိုက်စမ်းပါ... ''
အဲ့တာကမမျှော်လင့်ထားတဲ့ နှစ်သိမ့်မှုပဲ၊ငါ Callisto ကိုမျက်လုံးအပြူးသားနဲ့ကြည့်မိလိုက်တယ်၊
အဲ့တာက တူညီတဲ့အခြေနေကြောင့်လား၊တည့်တိုးဆန်ပြီး နှလုံးသားမရှိတဲ့စကားတွေဖြစ်ပေမဲ့ ငါစိတ်သက်သာရာရခဲ့တယ်၊ဖြစ်ချင်တော့ တစ်ချိန်တည်းမှာပဲ အဲ့လိုစကားမျိုးတွေပြောနေတဲ့သူက တခြားသူမဟုတ်ပဲ အိမ်ရှေ့စံCallisto ဖြစ်နေခဲ့တယ်၊
'' ဖြည့်ပြောပေးလို့ ကျေးဇူးတင်ပါတယ် ''
အချိန်အတော်ကြာပြီးမှ ငါ့ပါးစပ်ကိုဟပြီး အချိုးမပြေတဲ့အဖြေတစ်ခုကို ပြောဖို့လုပ်လိုက်တယ်၊
YOU ARE READING
Death is the only ending for the villainess.
RandomMM Translation... Chapter.81 to...