Unicode.
မထင်မှတ်ထားတဲ့ တုန့်ပြန်စကားကြောင့် ငါ့မျက်တောင်တဖျတ်ဖျတ်ခတ်မိလိုက်တယ်၊
'' ဘယ်...ဘယ်သူရှိနေတာလဲ... ''
အဲ့တာက အိမ်ရှေ့စံ ဂူတစ်ဖက်ခြမ်းမှာတစ်ယောက်ယောက်ရှိနေတာကို သတိပြုမိတာထက်ပိုပြီး အံ့သြဖို့ကောင်းတယ်၊
' သူကသရဲလိုပဲ... '
Callisto နဲ့မတူပဲ စူးစူးဝါးဝါးအကြည့်တွေ၊ငါတကယ်ကြီး အဲ့လောက်စိုးရိမ်နေတာတော့မဟုတ်ပါဘူး၊ဘာလို့ဆို တကာ်လို့အဲ့တာက အရေးပေါ်အန္တရာယ်ရှိတဲ့အရာဆို ဟိုသောက်ကျိုးနည်းစစ်စတမ်ကငါ့ကို အရင်ပြောမှာပေါ့၊
ဘယ်လိုပဲဖြစ်ဖြစ် အဲ့တာကတကယ်လို့ ဇာတ်လမ်းထဲကကွဲထွက်သွားတဲ့ မမျှော်လင့်ထားတဲ့အခြေနေဖြစ်နေရင်တောင် ငါကပြသနာမရှိဘူး၊ဘာပဲဖြစ်ဖြစ်မသေတဲ့ အိမ်ရှေ့စံက သူတို့ကိုဓားနဲ့ပိုင်းလိုက်လိမ့်မယ်၊
'' ကိုယ်စစ်ဆေးဖို့လိုတယ်... ''
သူ့ရဲ့ဝတ်ရုံကိုဝတ်ဆင်ပြီး ဘေးနားကဓားနဲ့အတူ နေရာကနေထရပ်လိုက်တယ်၊အဲ့အချိန်မှာပဲ၊
'' အာ့... ''
ရုတ်တရက်ညည်းသံတစ်ခုနဲ့ ယိမ်းထိုးသွားခဲ့တယ်၊
'' အရှင်...အရှင့်သား... ''
ဒီတစ်ခါတော့ ငါအရမ်းလန့်သွားခဲ့ပြီး အိမ်ရှေ့စံရဲ့လက်မောင်းကို တွဲကူလိုက်တယ်၊ပြန်ကြည့်လိုက်တော့ သူ့ရဲ့အခြေအနေက ကောင်းမနေခဲ့ဘူး၊
'' အရှင့်သား နေမကောင်းဘူးလား၊ခဏလောက်ပြန်ထိုင်လိုက်ပါဦး... ''
'' ဟင့်အင်း၊အဆင်ပြေပါတယ်၊ကိုယ်ခေါင်းနည်းနည်းမူးရုံပဲ... ''
'' မနေ့ကရတဲ့ဒဏ်ရာကနေ တစ်ခုခုဖြစ်တာမဟုတ်ဘူးလား၊အရှင် အရမ်းကိုဖြူဖျော့နေတယ်... ''
အိမ်ရှေ့စံက ငါ့ရဲ့စိုးရိမ်နေတဲ့အသံကြောင့် အသံထွက်ရယ်မောလိုက်တယ်၊
'' ဘာလဲ...မင်းကိုယ့်ပါးကိုရိုက်တယ် ပြီးတော့ ကိုယ်သေတာနဲ့ မင်းက ထက တော့မဲ့ပုံနဲ့...''
'' အိုးး ရှင်သိတာလား ''
'' တကယ်လို့ ဒီနေရာက နန်းတော်နဲ့နီးတဲ့နေရာသာဆိုမင်းကတော့ နိုင်ငံတော်ပုန်ကန်မှုနဲ့ မြေအောက်အကျဥ်းထောင်ကိုဆွဲခေါ်ခံရလောက်ပြီ... ''
YOU ARE READING
Death is the only ending for the villainess.
RandomMM Translation... Chapter.81 to...