Chapter.93(U&Z)

410 59 4
                                    

Unicode.

ငါသူ့ကိုဖြည်းဖြည်းချင်း ထပ်ပြီးလှည့်ကြည့်လိုက်တယ်၊

' အဲ့တာဘာလဲ၊အဲ့တာကမေးခွန်းလား '

ငါသူ့ကိုပထမဆုံးတွေ့ခဲ့တဲ့နေရာက အခြေနေကိုပဲ ပုံဖော်တွေးမိခဲ့တယ်၊ဒါပေမဲ့ သူ့ရဲ့သရုပ်မှန်ကို ထုတ်ပြလိမ့်မယ်လို့ ဘယ်တုန်းကမှမတွေးမိခဲ့ဘူး၊ဒါ့အပြင် သူဒီလိုစကားမျိုးပြောတာကို ငါမယုံနိုင်ဘူး၊

ငါဘာပြောရမလဲဆိုတာကို ခဏလောက်တွေးလိုက်တယ်၊Vuinter က အမှားခြစ်ခံရတဲ့အထဲမှာတော့ အခုထိမပါသေးဘူး၊ငါနောက်ဆုံး ဝေဝေဝါးဝါးပြန်ဖြေလိုက်တယ်၊

'' ဘာမှထပ်မဖြစ်ဘူးလို့တော့ ကျွန်မမထင်ဘူး ''

'' မျှော်လင့်သလိုပဲ၊မင်းသမီးသိမှာပါ ''

သူကချက်ချင်းပဲအဖြေကိုပြန်ဖြေခဲ့တယ်၊ထင်ထားသလို ငါမေးတာမှန်တဲ့ပုံပဲ၊

'' ကျွန်မကလူတွေရဲ့ ထူးခြားတဲ့လက္ခဏာသွင်ပြင်ကို မှတ်မိလေ့ရှိပါတယ် ''

ငါသူ့ကိုခပ်ရေးရေးပြုံးပြပြီး သူ့ကိုစိုက်ကြည့်လိုက်တယ်၊

'' အာ ''

အဲ့တာကမမျှော်လင့်ထားတဲ့အရာပဲ၊ပြီးတော့ စိတ်ပျက်နေတဲ့ငြီးငြူသံ ထွက်လာခဲ့တယ်၊

ဇာတ်လိုက်မင်းသမီးက Vuinterရဲ့နှစ်သက်မှုကို တစ်ခါတည်းဝယ်နိုင်ခဲ့တာက Normal mood ထဲကအကြောင်းပြချက်တစ်ခုဖြစ်တယ်၊Vuinterနဲ့ မှော်ဆရာတို့ရဲ့ မျက်လုံးအရောင်တွေတူနေတယ်ဆိုတိာ သတ်မှတ်ချက်ပဲ၊

ဘယ်လိုပဲဖြစ်ဖြစ် လူကိုယ်တိုင်ကြုံတွေ့ပြီးတဲ့နောက် ဂိမ်းထဲကအရာအားလုံးက ဖြစ်နိုင်ချေရှိတယ်ဆိုတာကိုသိခဲ့ရတယ်၊ကုန်သည်တွေကို လျစ်လျူရှုထားတဲ့ ဂုဏ်မောက်တဲ့မျိုးရိုးမြင့်တွေက မျက်နှာဖုံးအောက်က မျက်စိအရောင်ကိုမှတ်မိကြမှာမဟုတ်ဘူး၊

'' ရှင်တစ်ကယ်လို့ လူတွေရဲ့ပါးစပ်ကို စိုးရိမ်နေတယ်ဆိုရင် ကလေးတွေရဲ့မှတ်ဉာဏ်ကိုဖျက်ပစ်လိုက်လို့ရတယ် ''

'' အဲ့လိုမဟုတ်ပါဘူး ''

ငါ့ကိုစိုက်ကြည့်နေတဲ့ သူ့ရဲ့အကြမ်းဖျင်းခန့်မှန်းမှုကြောင့် ငါနောင်တမရပဲပြောလိုက်တယ်၊Vuinter ကသူ့ရဲ့ခေါင်းကို ပြင်းပြင်းထန်ထန်ခါလိုက်တယ်၊

Death is the only ending for the villainess.Where stories live. Discover now