Chapter. 97( U&Z )

374 46 4
                                    

Unicode.

'' ဘယ်လိုဖြစ်လို့လဲ ''

ငါ့ကိုကြည့်နေတဲ့လူက ရုတ်တရက်စကားပြောနေတာကိုရပ်လိုက်ပြီး မျက်လုံးကိုခပ်မှေးမှေးပဲဖွင့်ထားခဲ့တယ်၊

' သူက သရဲလိုပဲ '

တရားသူကြီးကို ဗုန်းကျဲချပြီးတဲ့နောက်  ၊အမဲလိုက်ပြိုင်ပွဲပြီးသွားတဲ့အခါ ငါကDukeနဲ့နယ်မြေကိုပြန်ရတော့မှာ၊ဒါပေမဲ့ အိမ်ရှေ့စံက ငါထင်ထားတာထက်ပိုပြီး စောစောသတိရလာတာက ငါ့ကိုပိုပြီး စိတ်ရှုပ်စေတယ်၊

အေးစက်စက်ချွေးစေးတွေက ဂုတ်ပိုးကနေ လည်ပင်းကိုစီးကျလာခဲ့တယ်၊

ငါအသံတွေမတုန်အောင်ထိန်းရင်း

'' ...တစ်နည်းနည်းနဲ့ ကျွန်မ တရားရင်ဆိုင်ရမှာပဲ ''

'' မင်းမှာ ခက်ခဲတဲ့အချိန်တွေအများကြီးရှိခဲ့မှာပဲ ''

ကံကောင်းချင်တော့ ငါ့စကားတွေ ရှေ့မဆက်နိုင်ခဲ့တာကို အိမ်ရှေ့စံသတိမပြုမိခဲ့ဘူး၊

'' ပြောရရင် အမဲလိုက်ပြိုင်ပွဲမှာတုန်းက မင်းသမီးရဲ့လုပ်ဆောင်ချက်တွေက တကယ်ကောင်းတာပဲ၊အိမ်ရှေ့စံကိုကယ်တင်ပေးခဲ့လို့ ဆုရဖို့ထိုက်တန်ပါတယ်၊ ''

'' အဲ့တာကများလွန်း... ''

'' မင်းလိုချင်တာ တစ်ခုခုများရှိမလား ''

'' ဟင့်အင်း၊တကယ်မရှိပါဘူး ''

ငါမြန်မြန်ငြင်းပစ်လိုက်တယ်၊

အရာအားလုံးက System ရဲ့ခိုင်းစေချက်တွေပဲ၊ပြီးတော့လည်း တရားခွင်မှာတုန်းက ထွက်ဆိုချက်ကို အိမ်ရှေ့စံသိသွားရင် ဘာဖြစ်လာမှာလဲ၊ဒါပေမဲ့ အိမ်ရှေ့စံက တစ်တန်လောက်ရှိတဲ့ ဓားနဲ့ဖိထားသလို ပြောနေခဲ့တယ်၊

'' မင်းလိုချင်တာ တစ်ခုတော့ရှိမှာပါ ''

'' မရှိပါဘူး ''

'' ဆိုတော့ မင်းပြောခဲ့တယ်လေ၊ငါ့ရဲ့ဆံပင်အရောင်ကိုသဘောကျပြီး ရွှေတွေကိုရူးသွပ်တယ်ဆိုပြီး ''

'' ဘာ ''

အဲ့တာက မက်မောလောက်စရာ မှတ်ချက်ပါပဲ၊ဒါပေမဲ့ အခုက အင်ပါယာEckartမိသားစုရဲ့ မင်းသမီးတစ်ပါးလေ၊ငါက ဆင်းရဲပြီး ဘဝကိုရုန်းကန်နေရတဲ့ အနုတ်စုတ်ကုတ်စုတ် ပထမနှစ်ကျောင်းသူလေးမဟုတ်ဘူး၊

Death is the only ending for the villainess.Tempat cerita menjadi hidup. Temukan sekarang