part- 1

14.3K 519 1
                                    

ဆောင်းကုန်နွေဦး ရာသီဥတုမို့ ထင် အပြင်ဘက်မှ တိုက်ခတ်နေသော လေညင်းလေး နှင့် အတူ ကျွန်တော်အခန်း ပြတင်းပေါက်မှ လိုက်ကာလေးက တလွင့်လွင့် ဖြစ်နေသည်၊၊ စိတ်ထဲ တွင်အနည်းငယ် အေးစိတ်လာသလို ခံစားရ၍ ကုတင်ခြေရင်းရှိ ဘီရိုထဲမှ အင်္ကျီလက်ရှည် ခပ်ပါးပါး တစ်ထည်ကို ထုတ်ကာ ယူဝတ်လိုက်ပြီ လက်မှ နာရီကို တစ်ချက်ကြည့် လိုက်တော့ အင်း 9နာရီထိုးပြီးလို့ 15မိနစ်လောက်ရှိတော့မည်၊၊ ကျွန်တော် ကုတင်ဘေးရှိ စာကြည့်စားပွဲပေါ်မှ စာအုပ်များကို သိမ်းကာ ပြတင်းပေါက်လိုက်ကာကို လက်ဖြင့်ဆွဲဖယ်ကာ အပြင်ဖက်ကို လှမ်းကြည့်လိုက်သည်၊၊ မြို့ကြီး ဖြစ်သောလည်း ကျောင်းဆောင်အောက်ရှိ ကုက္ကိုလ်ပင်အောက်တွင် ဝိုင်းဖွဲ့၍ ဂစ်တာတီး သီချင်းဆိုနေသော ကျောင်းသားအချို့ သီချင်းသံမှလွဲ၍ ပတ်ဝန်ကျင် တစ်ခုလုံးတိတ်ဆိတ်နေသည်၊၊ ခဏကြာရင် အဆောင်မှူး၏ အဆောင်ပိတ်ရန် အော်ပြောသံကို ကြားရတော့မည်၊၊ ထိုအချိန် အခန်းတံခါးခေါက်သံနှင့် အတူ ဘေးအခန်းမှ သူငယ်ချင်းမှ ဝင်လာကာ

'' ဟိုကောင် ပြန်မရောက်သေးဘူးလား''

သူ့အမေး ကို ကျွန်တော်ခေါင်းခါ၍ ဖြေလိုက်သည်၊၊ ပြတင်းပေါက်လိုက်ကာကို သေချာပြန်ဖြန့်ပြီး ကျွန်တော် စားပွဲရှေ့ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်၊၊ ဘေးခန်းမှ သူငယ်ချင်းက ကုတင်ခြေရင်း ထောင့်စွန်း ရှိ တစ်ယောက်ထိုင် ဆိုဖာတွင် ထိုင်ပြီး

'' အဆောင်မှူး လာစစ်တော့မှာ မင်းကို ဘယ်သွား မယ် ပြောသွားသေးလည်း ''

ကျွန်တော် သူ့ကို ဒုတိယအကြိမ် ခေါင်းခါလိုက်သည်၊၊

'' အခုတလော ဒီကောင် ဘာဖြစ်နေတာလဲ အသည်းကွဲနေတာလား ''

ကျွန်တော် တစ်ချက်ရီလိုက်ကာ

'' မဖြစ်နိုင်ပါဘူး သူ့ဆီက ပြောသံမကြားမိပါဘူး ''

ဟုတ်တယ် ဒီကောင်ဆီက ကောင်မလးတစ်ယောက်ကို စိတ်ဝင်စားတယ်ဆိုတာ တခါမှ မကြားဖူးပါ ၊၊ ယောကျာင်္းလေး ပီပီ ခပ်ချောချောကောင်မလေးများ မြင်ရင်တော့ အပြိုင် စနောက်ကြသည်၊၊ မရှိဘူးလို့ ကျွန်တော် အတတ်တော့ မပြောနိုင်၊၊ ကျောင်းဖွင့်ရက်တွေများ သွားအတူစားအတူ တစ်နေကုန် အတူတူရှိကြပေမယ့် ကျွန်တော် မသိသည့် ကျောင်းပိတ်ရက် များအတွင်း သူ့အကြောင်းကို ကျွန်တော် မသိပါ၊၊ အသက် 17 ဆိုတဲ့ အရွယ်က အချစ်ကို စူးစမ်းချင်တဲ့ အရွယ်မို့လား ၊၊ နောက်ပြီး ကျွန်တော် ကိုယ်တိုင်သဘ်လည်း ကျွန်တော့်ချစ်သူ ကောင်မလေးဆီက အဖြေရထား တာ 1လပင်မပြည့်သေး၊၊ အိုး 1လဆိုမှ မေ့တော့မလို့ ကျွန်တော့်တို့ချစ်သူသက်တမ်း 1လအတွက် ကျွန်တော် သူ့ကိုစီစဉ်ခိုင်းထားတာ၊၊ သူ စီစဉ်နေလို့များလား?

အချစ် ၏ အခြားတစ်ဖက်Where stories live. Discover now