part- 3

4.9K 382 2
                                    

အပိုင်း- ၃

××××××××

တစ်ပါတ်ဆိုသည့် အချိန်ကာ လ က ကျွန်တော့်အတွက် ဒီလောက်ကြာမြင့်လိမ့်မယ်မထင်၊ ကျွန်တော် သူ့နားက ပြေးထွက်လာသည့် နေ့တွင်ပင် သူအဆောင်မှပြောင်းကာ အိမ်မှ ကျောင်းတက်တော့သည်၊ နောက်တစ်နေ့ ကျွန်တော် စာသင်နေချိန်တွင် အဆောင်ရှိပစ္စည်းများကို သိမ်းကာ ကျွန်တော့် ကိုပင်နုတ်ဆက်မသွား၊ ကျောင်းရှိ သူငယ်ချင်းများ၏ စူးစမ်းသောမေးခွန်းများကို ကျွန်တော်မဖြေမိ၊၊ ဘာလိုဖြေရမှန်လည်း ကျွန်တော်မသိ၊ ဖြေစရာ အဖြေလည်း ကျွန်တော့်မှာ မရှိပါ၊၊ သူပြောင်းပြီ 2ရက်အကြာတွင် အခန်းဖေါ်အသစ် ရောက်လာပြီး အခန်းဖေါ် အသစ်နှင့် ပါတ်သတ်ပြီး တရားသူကြီး ၏ သား ဆိုတာရယ်၊ အနား မကပ်ပဲနှင့် ခပ်လှမ်းလှမ်းမှပင် ရေမွှေးနံ ခပ်ပြင်းပြင်းရတာရယ် ၊ အခန်းဖေါ် အသစ်၏ နာမည်ရယ်က လွဲရင် ကျန်တာ ကျွန်တော်မသိပါ၊၊ ကျောင်းစာသင်ခန်း မတူသောကြောင့် အိပ်ချိန်လောက်မှ သာ ကျွန်တော်တို့ တွေ့ဖြစ်ကြသည်၊၊ အရင်တည်းက စကားနည်းသော ကျွန်တော့်အကျင့်ကြောင့် အပိုစကားသိပ်မပြောဖြစ်၊၊ စာမေးပွဲနီး၍ လား ဒါမှမဟုတ် သူ့အကြောင်းပဲ မတွေးမိအောင်လား ကျွန်တော် စာပဲကြည့် နေတာများသည်၊၊ အခုလည်း အခန်းဖေါ် အသစ်ကို နုတ်ဆက်ကာ ကျွန်တော် ကျောင်းသို့ စောစောလာခဲ့သည်၊၊ အရင်တုန်းကတော့ အအိပ်မက်တဲ့ ကျွန်တော့်ကို မနက်စောစော အားကစားချိန်တက်ပြီး အားကစားချိန် ဆင်းမှ သူက နှိုးတတ်သည်၊၊ ဒါတောင် ကျွန်တော် တော်ရုံနှင့် မထချင်၊၊ အဲ့လိုချိန်မျိုးဆို သူက မင်း အိပ်ယာ ထနောက်ကျတာ အကျင့်ဖြစ်သွားမယ်နော် ဆိုပြီး ပြောတတ်သေးသည်၊၊ တကယ်တော့ အကျင့် ဆိုတာ ပတ်ဝန်းကျင်နဲ့ ဆိုင်တာလား ကျွန်တော်မသိတော့ ၊ ကျွန်တော် ခေါင်းကို ခါးယမ်းပြီး ခေါင်းထဲ ရောက်လာတဲ့ သူ့ အကြောင်းကို ထုတ်ပစ်လိုက်သည်၊၊ ကျောင်းလမ်းအတိုင်း လျှောက်လာခဲ့ကာ တနေရာ အရောက် အနောက်မှ ကားဟွန်းတီးသံကြောင့် ကျွန်တော် အနောက်သို့ လှည့်ကြည့် လိုက်သည်၊၊ မေမေ အဖြူရောင် စလွန်းကား ကားတံခါးကို ဖွင့်ပြီး ဆင်းလာသည်၊၊ လက်ထဲတွင် အပြာရောင် ခြင်းတောင်းလေး၊ မေမေ မုန့်လာပို့သည်ထင်၊၊ ကျွန်တော် မေမေ နားသို့ လျှောက်သွားပြီး လက်ထဲမှခြင်းကို သယ်လိုက်သည်၊၊ မေမေက သူမမျက်နှာက အမည်းရောင် နေကာမျက်မှန် ကို ချွတ်ပြီး အနီရောင်ရင့်ရင့် အင်္ကျီ၏ အရှေ့လည်ပင်းတွင် ချိတ်လိုက်ကာ

အချစ် ၏ အခြားတစ်ဖက်Hikayelerin yaşadığı yer. Şimdi keşfedin