part- 9

4.1K 306 1
                                    

အပိုင်း - ၉

×××××××

အရာရာကို အသစ်က ပြန်စလို့ရရင် ကျွန်တော့် ဘဝကို အသစ်တဖန် ပြန်လည်မွေးဖွားချင်သည်၊၊ နောက်ပြီး အနာဂါတ်ကို သူနှင့်အတူ ပျော်ရွှင်စွာ ဖြတ်သန်းချင်သည်၊၊ တစ်ခါတစ်ရံတော့လည်း ဘယ်တော့မှ မလှပသည့် အိပ်မက်တွေထဲမှာ ရုန်းထွက်ချင်မိပမယ့် ထိုအိပ်မက်ထဲမှာပင် ပြန်လည်ပိတ်မိနေတော့သည်၊၊ အခုချိန်ထိ ကျွန်တော် ကိုယ်ပိုင်အချစ်တစ်ခုကို ဖန်တီးပြီး ကျွန်တော့် အိပ်မက်တွေကို အသက်သွင်းဖို့ အစွမ်းကုန် ကြိုးနေမိသည်၊၊ ဒါပေမယ့် အရာရာတိုင်းက ကျွန်တော် ဖြစ်စချင်သလို ဖြစ်မလာ၊ ကံကြမ္မာ ဆိုတာ အလွန်ပင်ကြောက်စရာကောင်းလှသည်၊၊

ဒီနေ့ညသည် ကျွန်တော်တို့ ကျောင်း၏ ဆုံညီပျော်ပွဲစား ကျင်းပပေးသည့် ညဖြစ်သည်၊၊ ကျွန်တော်တို့ ကျောင်းသည် ယခုလို နှစ်ဝတ်စာမေးပွဲ ဖြေဆိုပြီး၊ နှစ်ကုန်စာမေးပွဲစစ်ကာနီး ချိန်တွင် ကျောင်းသားများ စိတ်အပန်းဖြေရအောင် ပွဲလေးပြု လုပ်ပေးမြဲပင်၊၊ ထိုပွဲတွင် ကျောင်းသားကျောင်းသူများက မိမိတို့ ပါတနာကို မည်သည့်ကျောင်းမှ ဖြစ်စေ ခေါ်ခဲ့ခွင့်ရှိသည်၊၊

ကျောင်းဝန်းတောင်ဖက် ကွင်းပြင်တွင် မီးရောင်စုံများကို လှပစွာ ထွန်းညှိထားပြီး အစားအသောက်များကို ဘေးတွင် အစးအရီသပ်ရပ်စွာ နေရာချထားပြီး ကြိုက်သလိုစားပိုင်ခွင့် ရှိသည်၊၊ အဲ့,, ဘီယာ၊ အရက်တော့ သောက်ခွင့်မပေးပါ၊၊ ဒါတောင်တစ်ချို့ ကျောင်းသားများက မည်သို့မည်ပုံ သောက်နေသည်တော့ မသိ အခြေအနေတွေကတော့ မှန်နေကြသည်၊၊ ဒါကလည်း ကျွန်တော် တို နှစ်ကြီးသမားကျောင်းသားများပင်ဖြစ်သည်၊၊

ကျွန်တော်ကတော့ eunjung အလာကို စောင့်ပြီး သူမ လာမှ သူမနှင့် အတူတူ သွားလိုက်သည်၊၊ သူမက ဒီညမှာတော့ သူမဝတ်နေကြပုံစံ အစိမ်းရောင်အင်္ကျီကို ခပ်ပွပွမဟုတ်ပဲ ခန္ဓာကိုယ်နှင့် ကွတ်တိ၊ အဖြုရောင်တွင် အစိမ်းရောင်အပွင့်သေးသေးလေးပါ အောက်ရှုးဘောင်ဘီနှင့် လှပစွာ တွဲဖက်ဝတ်ဆင်လာသည်၊၊

သူမ နှင့် ကျွန်တော် ပွဲအတွင်း စားစရာများရွေးယူနေစဉ် yunho တို့ ရောက်လာသည်၊၊ yunho တို့ ဆိုသည်မှာ ၊၊ သူနှင့် အတူ သူ့လက်ကို ချိန်ပြီး ကော်ဇော်နီပေါ် လမ်းလျှောက်လာသလို ပုံစံနှင့် naryi ၊၊ သူမက အနီရောင်ရဲရဲ ဂါဝန်ကို လှပစွာ ဝတ်ဆင်ထားသည်၊၊ ကျောလယ်လောက် ဆံပင်အခွေကောက်ပုံစံနှင့် သူမ စတိုင် နှုတ်ခမ်းနီရဲရဲက ဖြူဝင်းနေသည့် သူမအသားရည်ကို ဝင်းအိလာသလို၊၊ သူမဘေးက သူကတော့ ထုံးစံအတိုင်း အထက်အောက်အနက်ရောင်နှင့် ရှုးဖိနပ်လည်းအနက် ၊ တစ်ကိုယ်လုံး အနက်ရောင်တွင် လက်ပတ်ကြိုးတစ်ခုသာ အစိမ်းရောင်ဖြစ်သည်၊၊ ဒါပေမယ့် သူကတော့ ကြည့်ကောင်းနေသည်၊၊ သူတို့ဝင်လာသည်နှင့် ပထမနှစ်ကျောင်းသားများ၏ မျက်လုံးက အားလုံးသူတို့ဆီမှာ ငေးမော်လျှက်၊၊ အခု ကျွန်တော်တို့ ကျောင်းရှိ ပထမနှစ်ကျောင်းသာကျောင်းသူများသည် အနည်းငယ်တော့ ရီစရာကောင်းသည်၊၊ အခု နာမည်ကြီး idol တွေကို စိတ်မဝင်စားပဲ၊ ကျွန်တော်နှင့် yunho ကိုသာ ဒီနေ့ ဘာဝတ်လာမလဲ၊၊ ဒီနေ့ ဘာလုပ်မှာလဲ ဆိုပြီးစိတ်ဝင်စားကြသည်၊၊ တခါတရံ ကျွန်တော်တို့နှစ်ယောက် မုန့်စားနေစဉ် လညပြီး လက်မှတ်ထိုးခိုင်းရတာနှင့် သူတို့ဘာသာ ရှုပ်ရှပ်ခတ်နေသည်၊၊ စိတ်ရှုပ်စရာဆိုပေမယ့် တခါတလေတော့ သူ့တို့လေးတွေက ချစ်စရာကောင်းနေတတ်သည်၊၊

အချစ် ၏ အခြားတစ်ဖက်Where stories live. Discover now