part- 5

4.2K 338 3
                                    

အပိုင်း- ၅

×××××××

မီးရောင်စုံများ ထိန်ထိန်လင်းကာ မြူးကြွသံဇဉ်များကြား ပျော်ပါးကခုန်နေသူများကို ကြည့်ပြီး ကျွန်တော်စိတ်များ မပျော်ရွှင်နိုင်ဖြစ်မိသည်၊၊ ကိုကို့၏ ဆေးကျောင်းနောက်ဆုံးနှစ်ပြီးသည့် အထိမ်းအမှတ် အနေဖြစ် ဖေဖေသည် အိမ်တွင် မိတ်ဆွေသူငယ်ချင်းများနှင့် ဒင်နာကျင်းပပေးသည်၊၊ ကျွန်တော်တို့ နေသည့် အရာရှိဗိုလ်မှူးများနေသော အိမ်ယာတွင်နေသော မိသားစုများသည် နေရာတော်တော်များများမှာလိုပင် ကြွားဝါဝံ့ကြွားလိုစိတ်ရှိသည်၊ သူတစ်ပါးကို ဝေဖန်နိုမ့်ချလိုစိတ် ရှိသည်၊ စောင်းမျောင်းအတင်းပြောလေ့ ရှိသည်၊ ပြီးတော့လည်း ရပ်ရွာလူမူရေး ၊ သာရေးနာရေးတွေမှာ ပကာသနမျက်နှာများစွာဖြင့် ဟန်ဆောင်ပြုံးရီနုတ်ဆက် တတ်ကြပြန်သည်၊ အခုလည်း ကိုကို၏ ဂုဏ်ပြုပွဲကို လာသော သူတို့၏ ဟန်ဆောင်မျက်နှာများကို ကျွန်တော် မမြင်ချင်၍ ကျွန်တော် အခန်းထဲတွင် အိပ် နေမိသည်၊၊ အဲ့ဒီ မြေနိုမ့်ရာ လံစိုက်ချင်သည့် ပတ်ဝန်းကျင်ဆိုတာကို ကျွန်တော့် မုန်းသည်၊၊ ယခုလိုစာမေးပွဲပြီး၍ အိမ်ပြန်ရက်များသည် ကျွန်တော့်အတွက်တော့ စိတ်အေးချမ်းမူကို မဖြစ်ပေါ်ပါ၊၊ 2လဆိုသည့် အချိန်ကို ကျွန်တော်မည်သို့ ကုန်ဆုံးရမည်မသိ၊၊

တစ်ခါတစ်ခါ ကျွန်တော် နားမလည်သည့် ခံစားချက်များဖြင့် တစ်စုံတစ်ယောက်ကို လွမ်းမိသည်၊၊ အမူကျင့်ဆိုသည်က မေ့ပျောက်လို့ရသလားကျွန်တော် မသိပေမယ့် eunjung အကြောင်း စဉ်းစားမိရင် အစိမ်းရောင်ကြိုက်တတ်သည့် သူမနှင့် အတူ တစ်စုံတစ်ယောက်ကို ယှဉ်တွဲ တမ်းတမိသည်၊၊ တစ်ခါတစ်ခါ သူမ ထံ ဖုန်းခေါ်လိုက်စဉ် ယောင်ရမ်း၍ တစ်စုံတစ်ယောက်၏ နာမည်ကို လွမ်းဆွတ် မိသည်၊ တစ်ခါတစ်ခါ သူမ အားအိပ်မက်မက်လျှင် မင်းကို ချစ်မိလို့ ဆိုသည့် တစ်စုံတစ်ယောက်၏ စကားကို ကြားယောင် ကာ အိပ်မက်မှ လှန့်နှိုးခဲ့ရသည့် အခါ ဝမ်းနည်း စိတ်ထိခိုက်ရသည်၊၊

အိမ်အောက်မှ သီချင်းသံ များတိတ်ဆိတ်သွားကာ မေမေ၏ ဧည့်သည်များကို နုတ်ဆက်သံ သဲ့သဲ့ကို ကြားလိုက်သည်၊၊ ခဏအကြာ

အချစ် ၏ အခြားတစ်ဖက်Where stories live. Discover now