အပိုင်း - ၈
×××××××××
အထက်တန်း တတိယနှစ်သည် ကျွန်တော့် အတွက်တော့ စိတ်အနှောက်အယှက်ဖြစ်ဆုံးစာသင်နှစ် ဆို လျှင်လည်းမမှားပါ၊၊ ကျောင်းတက်တာ ၃-၄ လ ရှိသည်တောင် အခုထိ yunho နှင့် ကျွန်တော် နှစ်ဦးကြား ဆက်ဆံရေးက သိပ်အဆင်မပြေသလိုပင်၊၊ ကျောင်းတက်ချိန်များတွင် အတူသွားအတူစားကြပေမယ့် ကျောင်းဆင်းချိန်တွင် ကျောင်းတခါးပေါက်ရှေ့ ရပ်စောင့်နေသည့် naryi နှင့် အတူတူ သူ အိမ်ပြန်ချိန်များကိုတော့ ကျွန်တော် အလိုမကျဖြစ်မိသည်၊၊ yunho ဆိုင်ကယ်နောက်တွင် ထိုင်၍ သူ့ခါးကို တင်းတင်း ပွေ့ဖက်ထားသော သူမ လက်များကို ဆွဲဖြုတ်ပစ်ချင်သည့် စိတ်က အဓိပ္ပါယ်မရှိ ဝင်လာတတ်သည်၊၊ ကျောင်းဆင်းလို့ အဆောင်ရောက်ချိန်တွင်လည်း သူ ဒီချိန်ဘာလုပ်နေမလဲ၊ သူမနှင့် အတူတူ ရှိနေမလားဆိုသည့် အတွေးက အချိန်တိုင်းစိုးမိုးနေသည်၊၊ တတိယနှစ်က တက္ကသိုလ်အတွက် အရမ်းအရေးကြီးတယ် ဆိုပေမယ့် အခုအချိန်ထိတော့ ကျွန်တော် စာကို စိတ်ပါစွာကျက်မရ၊၊ အတူတူ ပြုံးပျော်နေသည့် သူနှင့် သူမ မျက်နှာက ကျွန်တော့်ကို နာကျင်စေလှသည်၊၊ သူမ၏ ပိုင်နိုင်လှပသည့် အပြုံးက ကျွန်တော့် အိပ်မက်ထဲထိ ခြောက်လန့်နေသလို၊၊ yunho နှင့် သူမ ဘယ်တုန်းက ချစ်သူများဖြစ်သွားလည်း ဆိုတာမသိပေမယ့် ကျောင်းဖွင့်ပြီး 1လ လောက်တွင် သူက သူငယ်ချင်းများရှေ့တွင် သူ သူမနှင့် ချစ်သူ ဖြစ်နေသည်ဟု ပြောမှသိခဲ့ရသည်၊၊ စိတ်ထဲတွင်တွင် မဖြစ်နိုင်ပါဘူး သူ ကျွန်တော့် ကို အရွဲ့တိုက်နေတာလားလို့ သံဃယ ဖြစ်မိလို့ သူ့ကို ကျွနိတော် သေချာအောင်မေးကြည့် စဉ်က သူက
{ ငါကရော မိန်းမတစ်ယောက်ကို ချစ်လို့ မရဘူးလား}
ဆိုသည့် သူ၏ အဖြေကြောင့် ကျွန်တော် သူ့ကို ဘာမှ ပြန်မပြောနိုင် ဆွံ့အ ခဲ့ရသည်၊၊ ကျွန်တော်တို့ ကျောင်းနှင့် တစ်ခြားကျောင်းများအားလုံးကပင် သူနှင့် သူမတို့ စုံတွဲကို အလိုက်ဖက်ဆုံး စုံတွဲဟု တစ်သတ်မှတ်တည်း လက်ခံထားကြချိန် ကျွန်တော်ကတော့ လက်မခံနိုင်ပါ ၊၊ ဒါကလည်း ကျွန်တော့် ကိုယ် ကျွန်တော် မထိခိုက်အောင် တွေးမိခြင်းလားမသိ၊၊ အခုလည်း စာသင်ခန်းထဲ၍ ကျွန်တော့် အရှေ့တွင် ထိုင်နေသည့် သူ့ကျောပြင်ကို ကြည့်ပြီး ကျွန်တော် အလိုလို စိတ်ရှုပ်နေမိသည်၊၊ သူကတော့ အေးဆေးစွာပင် ထိုင်ခုံ နောက်ကို မှီပြီး နားကြပ်နှင့် သီချင်းနားထောင်နေသည်၊၊ ကျောင်းခန်းအတွင်းတော့ ဆရာ မဝင်သေးသဖြင့် ကျောင်းသားများ အချင်းချင်း စနောက်သံများနှင့် ဆူညံနေသည်၊၊ ကျွန်တော် ပြတင်းပေါက်မှ တဆင့် ကျောင်းအောက် ဘောလုံးကွင်းသို့ လှမ်းကြည့်နေမိသည်၊၊ ကျွန်တော့်တို့ စာသင်ခန်းသည် အထက်တန်းတတိယနှစ် 3ထပ်ဆောင်၏ အပေါ် ဆုံးထပ်ဖြစ်ပြီး ကျွန်တော်ထိုင်သည့် ကျောင်းခန်းပြတင်းပေါက်သည် ကျောင်းအောက် ကွင်းပြင်တစ်ခုလုံးကို ရှင်းရှင်းလင်းမြင်ရသညိ၊၊ ဘောလုံးကွင်းအတွင်း ပျော်ရွှင်စွာ ဆော့ကစားနေသည့် ကျောင်းသားများကို ကြည့်ပြီး ကျွန်တော် စိတ်ထဲနာကျင်လာမိသည်၊၊ အရင်တုန်းကလည်း သူနှင့်ကျွန်တော် ဒီလိုမျိုး အတူတူ ပျော်ရွှင်ခဲ့ရသည်မို့လား၊၊ အတူတူပျော်ရွှင်ခဲ့ဖူးသည်မို့လား၊၊