အပိုင်း -၂
××××××××
ညက အဖြစ်ပျက်ကို အခုထိ ကျွန်တော်မယုံကြည်ချင်သေးပါ၊၊ သူ နောက်နေတာ ဖြစ်ပါစေလို့ စိတ်ထဲတွေးနေပေမယ့် သူ့ စကားက အမှန်ပဲဆိုတာ ကိုလည်း စိတ်ထဲကပဲ လက်ခံနေမိသလို၊၊ ကျွန်တော်လည်း သူ့ကို ချစ်ပါတယ်၊၊ အဲ့ဒီ့ အချစ်က ဘယ်လိုပုံစံ ဘယ်လိုအရောင် လည်းလို့ မပြောတတ်ပေမယ့် ဖြူစင်တဲ့ သူငယ်ချင်းသံယောဇဉ် မျိုးပဲလို့ ကျွန်တော် ယုံကြည်ပါတယ်၊၊ ကျွန်တော့် လိုပဲ သူလည်း အတူတူလို့ ထင်ခဲ့တာပါ၊၊ ဟင့်အင်း ထင်နေဆဲပါ၊၊ 2နှစ်နီးပါ အတူတူနေလာတော့ ခံစားရတဲ့ ခံစားချက်ကို သူ အချစ်လို့ ခံစားမိတာနေမှာပါ၊၊ သူ ကျွန်တော့် ဆီပြန်လာမှာပဲ လို့ ယုံကြည်နေတဲ့ ကျွန်တော့် စိတ်ကူးအတွေးတွေက ကျောင်းအုပ်ကြီး ရုံးခန်းထဲ ရောက်လာချိန်မှာတော့ လုံးဝ မှားယွင်းနေမှန်း သိလိုက်ရပါသည်၊၊
'' လာထိုင် သား ''
ကျောင်းအုပ်ဆရာ မှ ညွှန်ပြသည့် ထိုင်ခုံတွင် ကျွန်တော် ဝင်ထိုင်လိုက်သည်၊၊ ကျောင်းအုပ်ကြီး က သူ့စာကြည့်မျက်မှန် ကိုချွတ်ကာ ကျွန်တော် နဲ့ သူ့ကြားက စားပွဲပေါ်တင်လိုက်သည်၊၊
'' သားနဲ့ ကျောင်းသား yunho ဘာပြသနာ ရှိလဲ ?''
'' ဗျာ ''
ကျွန်တော် အံ့သြော်သွားတယ် ပြီးတော့ ဘာဆက်ပြောရမှန်း လည်း မသိတော့ ပြသနာ လို့ ပြောရအောင်လည်း ဒါက
'' သူက အဆောင်ပြောင်းပေးပါလို့ မနက်ကပဲ ဆရာ့ကို လာပြောသွားလို့ ''
'' ဗျာ ''
ကျွန်တော် ကျောင်းအုပ်ကြီး ရှေ့ ထိုင်ရမလို ထရမလို ဖြစ်နေမိတယ် ၊၊ ဒီလောက်ထိ ဖြစ်လာမယ်လို့ ကျွန်တော် မထင်မိဘူးလေ ၊၊ ဒီလောက်ထိ သူ့ဆုံးဖြတ်ချက် ချထားမယ်လို့လဲ မတွေးထားမိပါဘူး၊၊
'' အဲ့ဒါ သား သဘောကိုမေးမလို့ သား သူနဲ့ တွေ့ပြီး မေးကြည့်ပါဦး ဆရာပြောတာ မရလို့ ပြောင်းမယ်ပဲ လုပ်နေတယ်''
'' ဟုတ် ကျောင်းအုပ်ကြီး ကျွန်တော် yunho နဲ့ တွေ့ပြီး မေးကြည့်ပါမယ် ခင်ဗျာ့ ''