အပိုင်း- ၇
×××××××
ကျွန်တော့်အတွက် ဒီလိုစိတ်ကျင်းကျပ်ရသည့် အခြေအနေမျိုး ကြုံခဲ့ရသည် ဆိုတာ အံ့သြော်စရာတော့ မဟုတ်ပါ၊၊ သို့ပေမယ့် ကျွန်တော်သည် ကျွန်တော့်စိတ်နှင့် ခန္ဓာကိုယ်ကို ဘောင်ခတ်ထားရသည့် အခြေနေဆိုးမျိုးနှင့် မလွဲသာ မရှောင်သာ ကြုံကြိုက်ရသည့် အခိုက်တန့်တွေထဲမှာ ဒီတစ်ကြိမ်အဆိုးဝါးဆုံးပဲဟု ထင်မိသည်၊၊ ဒုတိယထပ် တတိယနှစ်စာသင်ဆောင်တွေဆီ ဆင်းလာသည့် လှေကားမှာ naryi နှင့် ကျွန်တော်တို့နှစ်ယောက် ထိပ်တိုက်တိုးသည်မှာ ကျွန်တော့် အတွက်ကံဆိုးခြင်းဟု ပြောနိုင်ပါသည်၊၊ yunho ရှေ့မှာ သူမကို ဘယ်လိုနုတ်ဆက်ရမလဲ မသိတော့ပါ၊၊ ကျွန်တော့်၏ လှိုက်လှဲပျူငှာတတ်သည့် အရိုးခံစိတ်ကိုပါ ကြိုးဖြင့် တုတ်နှောင်ထားသလို ထိန်းချုပ်ရသည်၊၊ ဘယ်လောက် စိတ်ပျက်ဖို့ကောင်းသလဲ၊၊ အဆိုးဆုံးကတော ဒီလိုစိတ်ပျက်သည့် အခြေအနေကို မရိပ်မိအောင် ဖုံးကွယ်ရခြင်းပင်၊၊
''ဟော ! ''
သူမကို မြင်မြင်ချင်း ကျွန်တော်က အကျင့်ပါနေကြအတိုင်း သည်လိုပင် ရေရွတ်လိုက်မိသည်၊၊ လှေကားထောင့်ချိုးကနေ ကွေ့တက်လာသော သူမက အပေါ်ကိုမော့မကြည့်တာမို့ ကျွန်တော်တို့ကို မမြင်ပါ၊၊ သူ့မကို မြင်သည်နှင့်ပဲ ကျွန်တော် yunho မျက်နှာကို ဖျက်ခနဲ ကြည့်လိုက်မိသည်၊၊ သူ နှုတ်ခမ်းပါးတွေက မျဉ်းဖြောင့်တစ်ကြောင်းလို စေ့ထားသည်၊၊
အပေါ်က အရိပ်ကို သူမသတိထားမိသည် ထင်ပါရဲ့ ဒါမှမဟုတ် ကျွန်တော့်ရဲ့ ခပ်တိုးတိုး အာမေဍိတ်သံကြောင့်လည်း ဖြစ်နိုင်ပါသည် သူမက လှေကားအထက်သို့ မော့ကြည့်လာသည်၊၊ သူမ၏ မူပိုင်သဖွယ် အထက်စီးဆန်လှသည့် အပြုံးတစ်ခုကို တွေ့လိုက်သည်၊၊ အိုး,,,, ဘာ့ကြောင့် အဲ့ဒီ့ အပြုံးတွေကို အဓိပ္ပါယ်မရှိ မုန်းတီးမိပါလိမ့်၊၊၊
'' ကျောင်းလာလည်တာ ၊ အိမ်ရှင်တွေက ခေါ်မှမခေါ်တော့ ဧည့်သည်က အလိုက်မသိလာရတာပေါ့''
သူမ၏ စကားအဆုံး သူမက ကျွန်တော့်ဘေးရှိ yunho ကို လှမ်းကြည့်လိုက်တော့ ကျွန်တော် yunho မျက်နှာကို တစ်ချက်လှမ်းကြည့်လိုက်သည်၊၊ သူက ကျွန်တော့် ကို စိုက်ကြည့်နေတာမြင်သည်၊၊ ကျွန်တော် စိတ်ရှုပ်ထွေးစွာ အရူးတစ်ယောက်လို အော်ချင်လိုက်မိတော့သည်၊၊