အပိုင်း - ၁၃ (ဇာတ်သိမ်း)
×××××××××××××××××
အဝေးက လှမ်းမြင်နေရသည့် ပုံရိပ်လေးကို မြင်ရချိန် နှလုံးသားက ကြည်နူးပျော်ရွှင်လာသည်၊၊ အဖြူရောင်အင်္ကျီနဲ့ အညိုရောင် ဘောင်းဘီ ကျောင်းဝတ်စုံနှင့် သူက စာမေးပွဲဖြေတဲ့နောက်ဆုံးနေ့ မို့လို့ပဲလား ဒါမှမဟုတ် ကျွန်တော့်ဆီမှ သူကြားချင်သည့် စကားတစ်ခွန်းကြောင့်လား မသိပါ၊၊ သူ့ မျက်လုံးတွေက အဝေးက လှမ်းကြည့်ရုံနှင့် တောက်ပနေသလိုပင်၊၊ ဒီနေ့က ကျွန်တော်တို့ ကျောင်း၏ စာမေးပွဲနောက်ဆုံးနေ့ပင်၊၊ ကျွန်တော်နှင့် သူက စာမေးပွဲအခန်းမတူပေ၊၊ သူက ထုံးစံအတိုင်း ကျွန်တော့် ထက် အရင် ဖြေပြီးတော့ ကျောင်းဝန်းအပြင်ဘက် လမ်း၏ တစ်ဖက်တွင် ကျွန်တော့် အလာကို စောင့်နေသည်၊၊ ကျွန်တော် စာမေးပွဲဖြေပြီးပြီးချင်း ကျွန်တော် စိတ်လက်ပေါ့ပါးစွာ လျှောက်လာပြီး အဝေးမှ သူ့ကို လှမ်းမြင်လိုက်ရတော့ လူက အလိုလို ရင်ခုန်ကြည်နူးလာမိသည်၊၊ သူက ကျွန်တော့်ကို မမြင်၊၊ ကျောင်းမှ ထွက်လာသူများကို နုတ်ဆက်နေသည်၊၊ ကျောင်းအတွင်းမှာတော့ ကျောင်းသားကျောင်းသူများ ပျော်သူက ပျော် ၊၊ ငိုသူက ငို ၊၊ ပတ်ဝန်းကျင်တစ်ခုလုံး ရှုပ်ရှက်ခပ်နေပေမယ့် လှုပ်ရှားနေသည့် လူများကြားမှာ သူ့တစ်ယောက်တည်းကို မြင်နေရသလို၊၊ ကျွန်တော် ကျောင်းဝင်းတံခါးပေါက်မှ ထွက်လာပြီး သူ ရှိရာ လမ်းတစ်ဖက်သို့ ကူးမည် ပြင်လိုက်စဉ်၊၊ ကျွန်တော့် ရှေ့ ကားတစ်စီး ထိုးရပ်လာကာ နောက်က ကားမှန်တခါးက တစ်ဖြေးဖြေးအောက်ကျလာသည်၊၊
''ဟင်!,,,ဖေဖေ''
ကျွန်တော် အံ့သြော် မြှင်တက်သွားသည်၊၊ ဖေဖေက ကျွန်တော့် ကျောင်းရောက်လာလိမ့်မည်ဟု မထင်ထားပါ၊၊ ကျွန်တော် ဖေဖေဘေး ထိုင်ခုံကို ကြည့် လိုက်တော့ ဘယ်သူမှ မရှိ၊၊
မေမေ မပါဘူးပေါ့ ၊၊ ကျွန်တော် ဖေဖေကို အံ့စွာကြည့်နေဆဲပင်၊၊
''သားငယ် ကားပေါ် တက် ဖေဖေ သားကို စကားပြောချင်လို့''
ဖေဖေက ပြောရင်း ဘေးသို့ ရွေ့ထိုက်လိုက်ကာ ကျွန်တော် ရပ်နေသော ဖက်ရှိ ကားတခါးကို တွန်းဖွင့် လိုက်သည်၊၊ ကျွန်တော် ဘာမှမပြောပဲ ကားပေါ် တက်ထိုင်လိုက်သည်၊၊ ကားက ကျောင်းရှေ့မှ မောင်းထွက်လာသည်၊၊ ကားမှန်မှ မြင်ရသည့် လမ်း၏ တစ်ဖက်ရှိ သူ့ကို လှမ်းမြင်လိုက်ချိန် နှလုံးသားက ဝမ်းနည်းလာသလို၊၊ ဖေဖေက ဘာမှ မပြော၊၊ ကျွန်တော် ကျောပိုးအိတ်ထဲမှ ဖုန်းကို ထုတ်ပြီး ဖေဖေ မမြင်အောင် သူ့ဆီ စာပို့လိုက်သည်၊၊