part- 4

4.5K 359 3
                                    

အပိုင်း- ၎

×××××××

ကောင်းကင်မှာ မိုးရိပ်သမ်းပေမယ့် လေထုကတော့ ပူနွေးခြောက်သွေ့နေသည်၊၊ ကျွန်တော့်အတွက့်တော့ သည်နေ့မှာ စိတ်လှုပ်ရှားခြင်း ၊ ပျော်ရွှင်တက်ကြွခြင်း၊ ကြည်နူးနွေးထွေး ခြင်း စသည့် ခံစားချက် မျိုးစုံဖြင့် အသက်ဝင်နေသည် ဟု ထင်မိသည်၊၊ နှာခေါင်းမှ တစ်ဆင့် ရှုရှိုက်မိသော လေသည်ပင် အရင်နေ့များနှင့်မတူ ရင်ထဲသို့ နူညံ့စွာ ဝင်ရောက် နေမိသည်ထင်၊ လမ်းတစ်လျှောက် မြင်တွေ့ခဲ့ ရသည့် ကျောင်းသားများကို ကြောင်းပြချက်မဲ့စွာ သူပြုံးပြနေမိသည်၊၊ ဟော,,,,, တွေ့ပါပြီ ၊ ကျွန်တော်၏ ချစ်သူကောင်မလေး၊ ကျောင်းဝင်းတံခါးပေါက်တွင် ရပ်နေသည်၊ မိုးပြာရောင်ခပ်ရှုပ်ရှုပ် အပွင့်ဒီဇိုင်းအင်္ကျီကို ခါးတွင်ငွေရောင်ခါးပတ်လေး ပတ်ကာ ဒူးအောက်အပြာရောင်ဂျင်းစကပ်ကို ဝတ်ဆင်ထားသည့် သူမကို ကျန်တော် မျက်တောင်မခတ် ငေးမောကြည့်နေမိသည်၊ သူမက လှပသောရှက်ပြုံးလေးကို ပြုံးကာ

'' ဘာကြည့်တာလဲ လူကိုမမြင်ဖူးဘူးလား''

မျက်စောင်းလေးထိုးကာ မပြောင်းလဲတဲ့ သူမအကျင့်အတိုင်း ကျွန်တော့်လက်မောင်းကို သူမလက်သီးဖြင့် ထိုးလိုက်သည်၊၊ ကျွန်တော် သူမရဲ့ ပုံစံကို အသည်းယားစွာ သူမလက်ကို ဆွဲဖမ်းကာ ဆုပ်ကိုင်လိုက်သည်၊၊ ကျွန်တော့်လက်ကို သူမ ခပ်ဖွဖွရုန်းပြီး တိုးညင်းစွာ၊

'' ကျောင်းရှေ့မှာနော် ''

'' ဒီနေ့ အချစ်လေး အရမ်းလှတယ်''

ကျွန်တော်ပြောပြီး သူမလက်ချောင်းများကြား ကျွန်တော့်လက်ချောင်းများ ညှပ်ကာ ဆုပ်ကိုင်ပြီး ကျောင်းကားဂိတ် ရှိရာသို့ လျှောက်လာရာ ကျွန်တော်နောက် ခေါင်းလေးငုံပြီး လိုက်လာတဲ့ သူမကိုကြည့်ပြီး ကျွန်တော် တစ်ချက်ပြုံးမိသည်၊၊ ပုံမှန်ဆိုရင် သူမ၏ ဒီလိုမိန်းမဆန် သည့် ပုံစံကို တွေ့ရမည့် မထင်၊၊ မိန်းမမဆန်သည့် ခပ်ပွပွအင်္ကျီများနှင့် အမြဲ ဂျင်းဘောင်းဘီကိုသာ အတိုအရှည်ပြောင်း ဝတ်တတ်သည့် သူမ၊ ဒီနေ့လို ချစ်သူသက်တမ်း တစ်လ ပြည့်မှာတော့ သူမဆီမှာ ဘယ်တုန်းကမှ မရှိဘူးထင်ခဲ့တဲ့ မိန်းမဆန်ဆန်လှပြမူကို ကြိုးစားစွာ ပြင်ဆင်ခြယ်သ လာသည်ထင်၊၊ ကြည့်လေ အခုလည်း တစ်ခါမှ မစီးဖူးတဲ့ ဒေါက်မြင့် ဖိနပ်ကို စီးပြီး သူမခြေလှမ်းတွေက မညီ၊၊

အချစ် ၏ အခြားတစ်ဖက်Where stories live. Discover now