အပိုင်း - ၁၀
×××××××××
မိုးသားတိမ်တိုက်များက အခုပင် ငိုချတော့မည့် ကလေးငယ်လို ၊ တအိအိနှင့် ပြိုဆင်းကျတော့မည့် ပုံစံ၊ အုံဆိုင်းနေသည့် ရာသီဥတုကြောင့်ပင် ပတ်ဝန်းကျင်တစ်ခုလုံး အေးချမ်းတိတ်ဆိတ်နေသည်၊၊ ကျွန်တော့် အရှေ့ခပ်စောင်းစောင်းမှ မြင်နေရသည့် eunjung မျက်နှာက နွမ်းလျနေသည်၊၊ အရင်က အမြဲပြုံးပျော်နေသည့် သူမ မျက်ဝန်းတွေက ဆွေးမြေ့နေသည်၊၊ သူမ အနည်းငယ် ပိန်သွားသလိုပင်၊၊ မမြင်ရသည့် နှစ်ရက်အတွင်း သူမ သည်းသည်းထန်ထန် ငိုကြွေးထားသည် ထင် မျက်လုံးများက မို့အစ်သေည်၊၊ ကျွန်တော် သူမကို ထိခိုက်စေခဲ့ပြီထင်၊၊ မရည်ရွယ်ပါသော်လည်း ကျွန်တော့် ဆုံးဖြတ်ချက်က သူမအတွက် အလွန်နစ်နာ ခဲ့မှန်း ကျွန်တော် မတွေးမိခဲ့၊၊ တကယ်တော့ ကျွန်တော်က ကျွန်တော့် အနားမှာ ရှိသည့် သူတိုင်းကို ထိခိုက်အောင် အမြဲလုပ်မိနေသူပင်၊၊
သူမဆီက အသက်ရှုသံသဲ့သဲ့ကို ကြားနေရပေမယ့် စကားသံတော့ အခုထိထွက်မလာ၊၊ မနက်က တွေ့ရအောင်ဆိုသည့် massage ကြောင့် ကျွန်တော် သူမကို ရင်ဆိုင်ဖြေရှင်းသင့် ပြီဟုထင်မိသည်၊၊ ကျွန်တော်က ဒီနှစ်ရက်လုံး အရာအားလုံးနှင့် ပုန်းရှောင်မိသည်ထင်၊၊ ကျောင်းပိတ်ရက်ဖြစ်သောကြောင့် သူမအိမ်နှင့် မလှမ်းမကန်းနေရာတွင် တွေ့ရအောင်သာ ဆုံးဖြတ်လိုက်သည်၊၊ တိတ်ဆိတ်နေသည့် သူမကို ကျွန်တော် တစ်ခုခု ပြောသင့်သည်မို့လား၊၊ သူမ၏ အဝေးကို ကြည့်နေသည့် မျက်နှာကို ကြည့်ကာ
'' eunjung, ,,,,,,,''
'' မပြောပါနဲ့,,, ငါ့ကို တောင်းပန်တယ်လို့ မပြောပါနဲ့ jaejoong, ,''
သူမ၏ စကားကြောင့် ကျွန်တော့် စကားများ ဆွံ့အကာ သူမကို ကြည့်နေမိသည်၊၊ သူမက ကျွန်တော့် ဘက်သို့ မျက်နှာလှည့်လာပြီး
'' နင် တောင်းပန်ရင် ငါနင့်ကို ခွင့်လွှတ်မိလိမ့်မယ်,, jaejoong' ''
သူမ၏ နာကျင်မူများ ဖုံးလွမ်းနေသည့် မျက်ဝန်းများက မျက်ရည်များ စီးကျလာသည်၊၊ သူမ့အကြည့် အောက်မှာ ကျွန်တော် ထူးထောက်ငိုကြွေး ချင်လာမိသည်၊၊ သူမက ကျွန်တော့်ကို ခွင့်လွှတ်ချင်သည်တဲ့လား ၊၊ အပြစ်တင်တာထက် ပိုပြီး နာကျင်အောင် လုပ်ချင်တာလား၊၊ ဖြစ်သင့်ပါတယ်၊၊ ကျွန်တော်က မှားခဲ့သူမို့လား၊၊ အချစ်ကို အစားထိုး ဖန်တီးမိသူ မို့လား၊၊ သိက္ခာတရားအောက်မှာ သစ္စာတရားကို ဖုံးအုပ်ချင်မိသူမို့လား၊၊ ကျွန်တော့် ဘာမှ ဆက်မပြောပဲ သူမ၏ စကားလုံးများကို နာခံဖို့ အသင့်စောင့်နေလိုက်သည်၊၊