part- 11

4.5K 307 1
                                    

အပိုင်း - ၁၁

××××××××××

အဝေးက ခိုးကြည့်နေသည့် သူမျက်ဝန်းများနှင့် ဆုံမိချိန် နှလုံးခုန်သံတွေက ပုံမန်မဟုတ်ချင်၊၊ ရင်ခုန်သံကလည်း ပွဲတော် ကျင်းပနေသလို ဆူညံနေသည်၊၊ ကျောင်းသားများကြား ခိုးချောင်ခိုးဝှက် ငေးကြည့်နေသည့် သူ့ပုံစံက ကြည်နူးစရာပင်၊၊

အခုရက်ပိုင်း ရင်ဖွင့်ပွဲမှ ကိစ္စကြောင့် ကျွန်တော်တို့ ကျောင်းတွင်မဟုတ်ပဲ တစ်ခြားကျောင်းများမှပင် စိတ်ဝင်တစား စူးစမ်းလာကြသည်၊၊ မေးမြန်းချင်ပေမယ့် သူ့ ကိုတော့ ထိပ်တိုက်မမေးရဲ၊၊ သူ့ ရဲ့ ဒေါသကိုလည်း ကြောက်ကြသည်လေ၊၊ ကျွန်တော့် အခန်းဖေါ်တောင် ကျွန်တော် ကို တွေ့သည်နှင့် အချိန်တိုင်း စပ်စုသလိုကြည့်နေသည်၊၊ အစကတော့ သည်လိုအနေထားကို မကြိုက်ပေမယ့် အခုလို အခြေအနေမျိုးမှာပင် သူ့ ဆီက ခိုးကြောင်အကြင်နာများ ကြောင့် ကြည်နူးပျော်ရွှင် ရသလို၊၊

အခုလည်း စာသင်ခန်းထဲတွင် အရှေ့မှ ဆရာစာသင်နေလျှက်ပင် သူက ထိုင်ခုံကို အနောက်ဆုတ် ကျောမှီပြီး လက်တစ်ဖက်မှ ကျွန်တော့် လက်တစ်ဖက်ကို ကျွန်တော့် ရှေ့မှ စားပွဲအောက်တွင် ဆုပ်ကိုင်ထားသည်၊၊ ပြတင်းပေါက်ဖက် နံရံထောင့် တွင် ထိုင်နေသောကြောင့် ဘယ်သူမှ သတိမထားမိ၊၊ ကျွန်တော် စာရေးရန် သူ့လက်မှ ကျွန်တော့် လက်ကို လွတ်အောင် ရုန်းတာတောင် သူက လုံးဝမလွတ်ပေး၊၊ ကျွန်တော် လက်တစ်ဖက်ဖြင့်သာ စာရေး၊ စာအုပ်လှန်လုပ်နေရသည်၊၊

မိုးသည်းထန်စွာ ရွာသည့် ညက သူက ကျွန်တော်နှင့် အတူတူတစ်ညလုံးရှိနေပြီး မနက်စောစော ထပြန်သွားသည်ထင်၊၊ ကျွန်တော် အိပ်ယာမှနှိုးတော့ သူ ကျွန်တော့် ဘေးတွင် မရှိတော့ပဲ၊၊ စာကြည့်စားပွဲပေါ်တွင်သာ စာရွက်နှင့် စာရေးထားခဲ့သည်၊၊

[ မင်း ရှက်နေမှာ စိုးလို့ နုတ်ဆက်မသွားတော့ဘူးနော်၊၊ ငါ သိချင်တာ တစ်ခုရှိတယ်၊၊ မင်း ငါ့ကို ချစ်တယ်လို့ မပြောသေးဘူးနော် ၊၊ ငါ အရမ်းကြားချင်တယ် ]

သူက သူ့စာတွင် ရေးထားသလို ကျွန်တော့်ဆီက ချစ်တယ်ဆိုသည့် စကားကို ကြားဖို့ နည်းအမျိုးမျိုးမေသည်၊၊ သူက ကျောင်းဘောလုံးကွင်းထဲ ဆော့ကစားပြီး နားနေချိန် ကျောင်းဆောင်ပေါ်မှ ရှိသည့် ကျွန်တော့် ဆီကို ချစ်လားဆိုသည့် စာကို ဖုန်းဖြင့် အားတိုင်းပို့နေသည်၊၊ မျက်နှာချင်းဆိုင် လမ်းမှာ တွေ့ချိန် ကျွန်တော့် ဘေးမှ ဖြတ်လျှောက်ပြီး ကျွန်တော့် လက်ထဲသို့ ချစ်လားလို့ ရေးထားသည့် အစိမ်းရောင် စာရွက်ပိုင်းလေးကို ထည့်ပေးတတ်သည်၊၊ ည အဆောင်ပြန်ရောက်ရင်လည်း သူ့ ဆီက ဖုန်းခေါ်သံကို အမြဲမျော်လင့်နေရသည်က ဘဝရဲ့ ပျော်ရွှင်မူလို့ပင်၊၊

အချစ် ၏ အခြားတစ်ဖက်Dove le storie prendono vita. Scoprilo ora