part- 12

4.9K 314 4
                                    

အပိုင်း - ၁၂

××××××××

ကားမှန်ပြတင်းပေါက်မှ မြင်ရသည့် ရှုခင်းများက လှပ လှသည်၊၊ မနက်က မိုးရွာ ထားလို့ ထင်သည် ပတ်ဝန်းကျင်က စိုစွတ်အေးမြနေသလိုပင်၊၊ ဘတ်စ်ကားစီးပြီး ကားမှန် ပြတင်းပေါက်မှ ရှုခင်းများငေးကြည့်ရတာကို ကျွန်တော်က သဘောကျသည်၊၊ yunho ကတော့ ကျွန်တော့် ၏ အပြုအမူကို အရူးဟု မှတ်ချက်ပြုသော်လည်း အတူတူစီးဖို့ခေါ်ရင်တော့ ဘယ်တော့မှ မငြင်းပေ၊၊ စာမေးပွဲဖြေရန် နှစ်ရက်သာ လိုတော့ သဖြင့် ကျွန်တော် ဒီမနက် အိမ်ပြန်ပြီး ညနေ ဘက်စကားဖြင့် ကျောင်းပြန်လာသည်၊၊ မေမေကတော့ အိမ်တွင်ညအိပ်ပါ ဟုပြော သော်လည်း ကျွန်တော်ကတော့ မနက်စောစော စာကြည့်တိုက်သွားစရာ ရှိတယ်ဆိုပြီး ပြန်လာခဲ့သည်၊၊ အိမ်မှာ ညအိပ်ရသည်ထက် ကျွန်တော့်အတွက်တော့ အဆောင်မှာ အိပ်ရသည်က ပိုပြီး သက်သောက်သက်သာရှိသလိုပင်၊၊ ကိုကိုက သူ့ တာဝန်ကျရာ မြို့သို့ ပြောင်းရွေ့နေထိုင်သဖြင့် အခုလို ဖေဖေ ခရီးထွက်နေသည့် အချိန်မျိုးတွင်တော့ အိမ်တွင် မေမေတစ်ယောက်တည်း ရှိသည်၊၊ ဖေဖေက ကိုကို့ကို ဒီမြို့မှာပင် တာဝန်ကျအောင် လုပ်ပေးမည်ဆိုတာတောင် ကိုကိုက လက်မခံပေ၊၊ အစက ကိုကို အဲ့လိုလုပ်တာကို နားမလည်ပေမယ့် အခုတော့ နားလည်လာမိသလိုပင်၊၊ ကျွန်တော်လည်း ကိုကို့ လိုပင် တက္ကသိုလ်ကို နိုင်ငံခြားတွင် လျှောက်ထားသည်ဟု မေမေသိလျှင် တော်တော်ပင် စိတ်ဆိုးနေလိမ့်မည်၊၊ ပြီးတော့ ကျွန်တော်ဝါသနာပါသည့် အနုပညာတက္ကသိုလ်မှန်းသိရင်တော့ အဲ့ဒီ့နေရာမှာ ပင် မေမေပွဲကြမ်းလိမ့်မည်၊၊ မေမေက ကျွန်တော့်ကို ကိုကို့ လိုပင် ဆရာဝန်ဖြစ်စေချင်သည်၊၊ ကျွန်တော်ကတော့ မဖြစ်ချင်ပါ၊၊ yunho နှင့် အတူတူ တက်ချင်သည်၊၊ အခု ကျွန်တော်တို့ နှစ်ယောက်လျှောက်ထားသည့် တက္ကသိုလ် အတူပေမယ့် မြို့ချင်းတော့ တူသည်၊၊ သူက သူဝါသနာပါရာ အင်ဂျင်နီယာလိုင်းကိုသာ လျှောက်သည်၊၊ သူကတော့ စာတော်သဖြင့် ဘယ်တက္ကသိုလ်မဆို တက်နိုင်ပေမယ့် ကျွန်တော်ကတော့ သူနှင့် အတူတူနီးနီးလေးတွင် နေချင်၍သာ ဝါသနာပါသည့် ပညာဆိုပေမယ့် အမှတ်အရမ်းမြင့်သည့် တက္ကသိုလ်ကို မီရန် တော်တော်ပင် ကြိုးစားနေရသည်မှာ ခေါင်းပင်ပေါက်ထွက်မတတ်၊၊ yunho ဆိုမှ သူ ဒီနေ့ ဘယ်မှာပါလိမ့် ၊ အိမ်မှာပဲလား၊၊ ဖုန်းလည်းမဆက် ၊ စာလည်း မပို့ ၊ တစ်နေကုန်ဘာလုပ်နေပါလိမ့်၊၊ မေမေနှင့် အတူတူချိန်တွင် သူများဖုန်းဆက်နေမလားဟု စိုးရိမ်စိတ်ဝင်မိပေမယ့် သူ က တစ်နေကုန် ဖုန်းမဆက်ပါ၊၊ ကျောင်းတွင် ဖြစ်ပြက်နေသည်များကို မေမေမသိဘူးဟု ကျွန်တော် အတတ်မပြောနိုင်ပေ၊၊ မေမေ့ဆီက စူစမးမေးခွန်းများကိုလည်း ပြန်မဖြေချင်၊၊ အခုအချိန်တွင်တော့ ကျွမ်တော့်တို့အကြောင်းကို မေမေကို မသိစေချင်သေးပါ၊၊

အချစ် ၏ အခြားတစ်ဖက်Where stories live. Discover now