အပိုင်း- ၆
×××××××
နေ့ရက်တိုင်းက အခုတော့ ကျွန်တော့်အတွက် သာယာလှပနေသည်၊၊ လောကကြီးက တကယ်တော့ လူသားတိုင်းအတွက် စိတ်ဖြေစရာ တစ်ခုခုတော့ ဖန်းဆင်းပေးထားမြဲပင်၊၊ သူငယ်ချင်းများ၏ မွေးနေ့ ဆုတောင်းသံများက လှပသည့်နံနက်ခင်းကို ဖန်တီးပေးပြီး အိမ်မက်တွေကို လှပစေသည်၊၊ ဒီနေ့က ကျွန်တော့်၏ 18နှစ်ပြည့်မွေးနေ့ ဖြစ်သည်၊၊ အရင်က မွေးနေ့ရက်များသည် အိမ်တွင်ပင် မိသားစုများဖြင့်သာ ကျင်းပရသော်လည်း 18 ပြည့်မွေးနေ့ကိုတော့မူ ဖေဖေမှ ထူးထူးခြားခြားဘာလိုချင်လဲဟူသော အမေးကြောင့် ကျွန်တော် သူငယ်ချင်းများနှင့် ညလုံးပေါက် အတူထွက်လည်ခွင့်ကို တောင်းဆိုခဲ့ရာ ၊ ကျွန်တော့်၏ 18နှစ်ပြည့်မွေးနေ့သည် အရင်မွေးနေ့များနှင့် မတူ ကျွန်တော့်အတွက်တော့ အပျော်ရွှင်ဆုံးမွေးနေလေးလို၊ ကျွန်တော်၏ မွေးနေ့လက်ဆောင်ကိုတော့ မေမေသဘောမကျ၊ ဒါပေမယ့် ဖေဖေ စိတ်တိုသွားမည် စိုးသော်ကြောင့် ဘာတစ်လုံးမှ ဝင်မပြော၊၊ ဒီနေ့ မနက်ပိုင်းတွင်လည်း ထုံးစံအတိုင်း အခုလို မွေးနေ့ ရောက်တိုင်း မေမေချက်နေကြ ရေညှိဟင်းချိုရည် ကို စားပြီး ညနေရောက်ဖို့ မျှော်လင့်နေမိသည်၊၊
ကျွန်တော် အခန်းထဲတွင် လှဲနေရင်း တစ်ခုခုကို စိတ်ထဲတွင် အလိုမကျဖြစ်မိသည်၊ ဘာလို့ သူ ငါ့ကို birthday wish မလုပ်တာလဲ၊ အိပ်ယာက နှိုးကတည်း အခုချိန်ထိ မွေးနေ့ နုတ်ဆက်စကားများထဲတွင် yunho ၏ ဆုတောင်းစကား မပါဝင်သေးသည် က မနက်ခင်း၏ ကြည်နူးမူများကြား အနည်းငယ်တော့ ကသိကအောက်တော့ ဖြစ်မိသလိုပင်၊၊
ဒီလို အနေထားမျိုးမှာ သူ့ဆီက တုန့်ပြန်မူ့ကို မမျှော်လင့်ပေမယ့် တကယ့်တကယ် ကြုံတွေ့ရတော့ သူ့ကို စိတ်တိုမိသည်၊၊ ကျွန်တော်ဆိုတာကလည်း တခါတရံ ရှင်းမရတဲ့ ပိုဒ်စာကြားမှာ ချာချာလည်နေတတ်သည်၊၊
အရင်လို အခြေအနေမျိုး ပြန်လည်မရဘူးဆိုပေမယ့် သူ ကျွန်တော့်နား ဆက်ရှိနေမယ် ဆိုသည့် စကားကြောင့် အရာရာက ကျွန်တော့်အတွက် အဆင်ပြေချောမွေ့နေ သလိုပင်၊၊ သူ့ကို ကျွန်တော့်ကိုယ် ကျွန်တော်ထက် ပိုယုံကြည်ထားခဲ့ တာမဟုတ်လား၊ အခုလက်ရှိတော့ အနာဂါတ်ကို မမျှော်လင့်ပဲ လက်ရှိအနေထားက အကောင်းဆုံးဟု ထင်မိသည့် ကျွန်တော့စိတ်ကူးကို ကျွန်တော် ကိုယ်တိုင်ပင် ဖျက်ဆီး လိုက်မိသည်၊၊