Part-1

2.2K 69 77
                                    

အချိန်အားဖြင့် မနက်မိုးသောက်ရောင်နီလာချိန် နံနက် 7နာရီထိုးပြီဖြစ်သည်။ အလုပ်သွားအလုပ်လာ၊ ဈေးသွားဈေးလာတို့ဖြင့် ရှုပ်ရှက်ခက်ဆူညံနေသော လမ်းမကြီးတို့နှင့်ဆန့်ကျင်စွာ တိတ်ဆိတ်နေပါသောလမ်းသွယ်လေးတစ်ခုထဲရှိ နှစ်ထပ်တိုက်လေးသည်လည်း တိတ်ဆိတ်နေလျက်ရှိသည်။

အပေါ်ထပ်ဆီသို့လှေကားမှတစ်ဆင့် ဖွဖွ‌ချင်းနင်းကာတက်နေသောခြေလှမ်းတို့သည် အိန္ဒြေရှိစွာဖြင့်။ ခြေသံမကြားရပါဘဲ ထိုခြေသံပိုင်ရှင် အမျိုးသမီးဝတ်ထားသော ပါတိတ်ထမီရဲ့အဖျားခတ်သံတဖျက်ဖျက်ကိုသာကြားနေရသည်။

ခြေလှမ်းအစုံတို့သည် ပထမဆုံးတွေ့ရသော အခန်းရှေ့တွင်ရပ်သွားပြီး တံခါးနှစ်ချက်ခေါက်လိုက်သည်။ အထဲမှတုံ့ပြန်သံမကြားရသည်မို့ လော့မချထားသောအခန်းတံခါးကို အသာလှပ်ကြည့်လိုက်တော့ အနက်ရောင်အသုံးအဆောင်အချို့ဖြင့်ပြည့်နက်နေသောအခန်းငယ်ထဲတွင်တော့ မည်သူမှရှိမနေချေ။

" ဒီကောင်လေးတွေ ညနက်တဲ့အထိ
ဂိမ်းဆော့ပြန်ကြပြီထင်တယ် "

အခန်းတံခါးအားပြန်ပိတ်၍ ‌ကပ်ရပ်ဘေးအခန်းကိုသွားဖွင့်ကြည့်တော့လည်း တစ်ယောက်မှရှိမနေပါ။ ဒီအခန်းတွင်တော့ ဘေးအခန်းနှင့်ဆန့်ကျင်စွာ အနီရောင်အသုံးအဆောင်အချို့ကအခန်းအနှံ့အပြားမှာတွေ့ရသည်။

အမျိုးသမီးသည် ခေါင်းအသာရမ်းလိုက်ရင်းထိုအခန်းအားပြန်ပိတ်ပြန်၏။

ထိုနောက်တွင်တော့ အမျိုးသမီးက အနောက်ကိုပြန်လှည့်ကာ ကျောဘက်ဆီကမျက်နှာချင်းဆိုင်အခန်းတစ်ခုကိုသွားဖွင့်ပြန်သည်။

ဒီတစ်ခါတွင်တော့ အခန်းသည်အညိုရောင်အခန်းငယ်လေးဖြစ်သည်။ အရှေ့ကအခန်းနှစ်ခုတို့နှင့်ခြားနားစွာ ဒီအညိုရောင်အခန်းထဲရှိကုတင်ထက်တွင်တော့ တစ်စုံတစ်ယောက်တို့ရှိနေသည်။

အမျိုးသမီးသည် အခန်းထဲဝင်လာပြီး အညိုရောင်ကုတင်ကြီးပေါ်ရှိ ရင်ဘက်ပေါ်အထိ အညို‌ရောင်စောင်ပါးလေးကိုလွှမ်းခြုံထားပါသော ပုံစံတူလေးသုံးခုကိုကြည့်ရင်း နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်သည်။

TRIPLETSWhere stories live. Discover now