Part-6

598 45 26
                                    

မီးရောင်စုံတွေကြားခုံပေါက်နေသော လူတစ်စုံနဲ့ခပ်မြူးမြူးသီချင်းသံတို့အား လျစ်လျူရှု၍ မှိုင်းသွေးမာန်အာရုံတို့သည် ဖုန်းမျက်နှာပြင်ပေါ်က အမည်တပ်မထားတဲ့ ဖုန်းနံပါတ်တစ်ခုကိုသာ ခပ်တွေတွေစိုက်ကြည့်နေမိ၏။

" ဟင်း "

သက်ပြင်းမောချမိသည်မှာ ဘယ်နှစ်ကြိမ်တောင်ရှိနေပြီလဲ။

ရင်ထဲမှာ တစ်ခုခုကိုအလိုမကျဖြစ်‌နေသည့်စိတ်တို့သာကြီးစိုးနေသည်။

ဒီ Clubသည် သူ့အဖေပိုင်ဆိုင်မှာတွေတဲ့တစ်ခု။ အလုပ်များ‌တဲ့အဖေက Clubရဲ့လုပ်ပိုင်ခွင့်အကုန်လုံးကို သူ့အားလွှဲပေးခဲ့၍ ကျောင်းပိတ်ရက်တိုင်း သူဒီကိုလာလာကြည့်ပေးရသည်။ ကျန်တဲ့အချိန်တွေကတော့ သူ့အဖေရဲ့လူယုံကကြည့်ထားပေးသည်။

သူလာတဲ့ရက်တိုင်း ကျန်တဲ့ရက်တွေထပ်လူစည်တာများသည်။ အခုလည်း Clubတစ်ခုလုံးအပြည့်ပဲ။

ကဖို့ခုန်ဖို့ စိတ်မဝင်စားတဲ့သူမို့ သူလာရင်ထိုင်နေကျ ထောင့်စွန်းဝိုင်းမှာ အပျင်းစားတစ်ခွက်နဲ့အတူ လာထိုင်နေတာ တစ်နာရီနီးပါးရှိနေပြီ။

တစ်ချက်တစ်ချက် မိန်းမပျိုတွေနဲ့လူကောင်သေးသေးယောကျာ်းလေးတွေရဲ့အာရုံကသူ့ဆီလွင့်လာတတ်၏။ သူကတော့ ဘာကိုမှအာရုံစိုက်မည်မဟုတ်။

အားလုံးထဲမှာမှ သူရှိနေတဲ့နေရာရဲ့‌အရှေ့တည့်တည့်ဝိုင်းမှာထိုင်နေတဲ့ ပိန်သေးသေးကောင်လေးကအဆိုးဆုံးနဲ့အရဲဆုံးလို့ပြောရမည်။ အာရုံအလုံးစုံကို သူ့ဆီအပ်ထားတာဖြစ်သည်။

ထိုကောင်လေးကိုသူသိသည်။

သိတယ်ဆိုတာတစ်ခြားမဟုတ်။ သူဒီကိုလာတိုင်း အဲ့ကောင်လေးက အခုလို အကြည့်မလွှဲဘဲ အမျိုးမျိုးအထာပေးတတ်လွန်းလို့ သတိထားမိနေတာမျိုး။

ခပ်သေးသေးခန္ဓာကိုယ်နဲ့ ထင်းနေတဲ့ပိန်သွယ်သွယ်ပါးရိုးလေးတွေ၊ ဖြူဖွေးတဲ့အသားအရည်‌တို့ကြောင့် ချောသည်ဆိုတာကိုတော့ ငြင်း၍မရ။ ပုံစံကအထက်တန်းလွှာတွေရဲ့ အလိုလိုက်ခံကလေးလို ပြီးပြည့်စုံနေတဲ့ပုံစံ။ သူ့အကြောင်းကိုလည်းစုံစမ်းထားမှန်းသိသာစွာဖြင့် သူလာတဲ့နေ့မှသာ ဒီကိုရောက်ရောက်လာတတ်ကြောင်း ဒီကဝန်ထမ်းတွေက သူအားဖောက်သည်ချပြောဖူး၏။ ပိုက်ဆံရှိအသိုင်းအဝိုင်းထဲကဆိုပေမယ့် မာန်မာနမရှိတဲ့အပြင် ကောင်လေးကဘယ်လောက်လိမ္မာကြောင်း၊ဘယ်လောက်တော်ကြောင်းတွေက သူ့နားထဲမကြားချင်တောင် လာပြောနေကျတဲ့သူတွေအများအပြား။ ဒါကလည်း အဲ့ကောင်လေး စနက်တွေနေမှာ‌ ။

TRIPLETSWhere stories live. Discover now