Part-2

604 52 44
                                    

" မင်္ဂလာပါ ဆရာမ...ကျေးဇူးတင်ပါတယ် ဆရာမ "

ဆရာမထွက်သွားတာနဲ့ အခန်းတစ်ခုလုံး ဆူညံလာပြီး အခန်းထဲမှအလျှိုလျှိုထွက်သွားကြတော့သည်။

" သွားကြမယ်ဟေ့...ဗိုက်အတော်ဆာနေပြီ "

ဝတ်ရည်သွေးက အမွှာသုံးယောက်ဆီအပြေးလာခေါ်သည်။

ကန်တင်းသို့သွားရာလမ်းတစ်လျှောက်မှာလည်း သူတို့လေးယောက်ရဲ့စကားပြောသံ၊ရီသံတို့က ဘေးလူတွေလှည့်ကြည့်ရလောက်အထိ ဟိန်းထွက်နေသည်။ ကာယကံရှင်လေး‌ယောက်ကတော့ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ လေးယောက်တစ်ကမ္ဘာတည်နေလျက်။

တစ်နေရာအရောက်မှာတော့ ဘေးဆုံးရှိ ကမ္ဘာရဲ့လက်‌ကောက်ဝတ်ကို အနောက်ကနေ စွက်ခနဲလာဆွဲသောလက်တစ်ဖက်ကြောင့် ကမ္ဘာကိုယ်လေး အနောက်သို့ ယိုင်ကျမလိုဖြစ်သွားရသည်။ ဒီတော့မှ ကျန်တဲ့သူတွေလည်း ရီတာရပ်ပြီး အနောက်ပြန်လှည့်ကြည့်ကြသည်။

လာဆွဲတဲ့လက်ပိုင်ရှင်ကိုတွေ့တွေ့ချင်း ကမ္ဘာ့မှာ ပြူးကြောင်ကြောင်လေးဖြစ်သွားသလို ကျန်သုံးယောက်မှာလည်း မျက်လုံးအစုံတို့ပြူးကျယ်ပြီး အံ့ဩကုန်သည်။

ဝတ်ရည်သွေးမှာ အယောင်ယောင်အမှားမှားဖြင့် သူ့ဘေးကမဟာ့ကိုလှမ်းကိုင်ပြီး ဂလုခနဲတံတွေးမြိုချမိသည်အထိ။

ကမ္ဘာတစ်ယောက်လည်း ကြောက်အားလန့်အားနဲ့ လက်ကိုရုန်းပေမယ့် သန်မာနေသောထိုလက်ထဲမှာ နည်းနည်းလေးတောင်လွတ်မသွား။

ဘာကိစ္စ မှိုင်းသွေးမာန်ကြီးကသူ့လက်ကိုလာဆွဲနေရတာတုန်း။

" ဟို...ဘာ...ဘာကိစ္စရှိလို့လဲ "

မရဲတရဲမေးလိုက်သောလေသံတိုးတိုးလေးမှာ ထိတ်လန့်‌ကြောက်ရွံမှုကြောင့်တုန်ရီနေသည်မို့ မှိုင်းသွေးမာန်မျက်မှောင်တို့ကျုံ့သွားရသည်။ သူ့ကိုတွေ့တိုင်းဘာလို့အဲ့လောက်လန့်နေရတာလဲ။ အခုတစ်ခါ တစ်ယောက်တည်းတင်မဟုတ်။ ဘေးကသုံးယောက်ဆို လှုပ်တောင်မလှုပ်တော့။

ကောင်းပါတယ်။ ကြောက်နေတဲ့သူတွေကို ပိုဖြဲခြောက်ပေးရပေါ့။

TRIPLETSWhere stories live. Discover now