" ကိုကြီးနဲ့ဝတ်ရည်တို့ကလည်း ကြာလိုက်တာကို "
အတန်းချိန်တွေပြီးသွားပြီမို့ ကန်တင်းသွားဖို့ရာအတွက် ဆရာမကခိုင်းစရာရှိလို့ဆိုပြီး ခေါ်သွားတဲ့ သဘာမောင်နဲ့ဝတ်ရည်သွေးအား ကမ္ဘာမောင်မှာ တမျှော်မျှော်လုပ်နေသည်။
" လာမှာပေါ့ ကမ္ဘာရယ်။
ဘာတွေလောနေတာလဲ "" ဗိုက်ဆာနေပြီ "
" မင်းဗိုက်က ဆာလည်းဆာနိုင်တယ်။
စောစောကအတန်းချိန်မှာ ပေါင်မုန့်တစ်လုံးခိုးစားထားသေးတယ်မလား "" ပေါင်မုန့်ကသေးသေးလေးတင်..တစ်လုပ်စာပဲရှိတာ "
" ဟုတ်ပါပြီကွာ...လာတော့မှာပါ ခဏစောင့်လိုက် "
ကမ္ဘာနှာခေါင်းတစ်ချက်ရှုံ့လိုက်၏။ စောင့်နေတာ နာရီဝက်ကျော်နေပြီမို့ သူစိတ်မရှည်တော့ပါ။
" အား! ရှူးပေါက်ချင်လိုက်တာ။
ကမ္ဘာ ငါToiletသွားလိုက်အုံးမယ် "" လုပ်ပြန်ပြီ။ တစ်ယောက်စောင့်..တစ်ယောက်စောင့်နဲ့ ဒီနေ့ထမင်းက စားဖြစ်အုံးမှာလား "
" ကမ္ဘာကလည်း ခဏလေးပဲသွားမှာပါ။
လိုက်အုံးမလား "" မလိုက်ဘူး..ကိုလတ်ဘာသာသွားတော့။ ဗိုက်ဆာနေရတဲ့ကြားထဲကို "
" ဟုတ်ပြီ ဟုတ်ပြီ။ စောင့်နေနော်
တစ်ယောက်တည်းမသွားလိုက်နဲ့နော် "" သွားမှာသာသွားပါ။ ထွက်ကျနေအုံးမယ် "
မဟာတစ်ယောက် တစ်ကိုယ်လုံးတွန့်လိမ်ပြီး အခန်းထဲမှပြေးထွက်သွားတော့သည်။ ကျန်ခဲ့တဲ့သူမှာတော့ ဆူပုတ်ပုတ်။
" ဘာမှန်းလဲမသိဘူး။ ဗိုက်ဆာနေပါပြီဆို "
ဆာနေတဲ့ဗိုက်ကလေးကိုအသာကိုင်ရင်းပွတ်သပ်နေလိုက်သည်။ မနေနိုင်တော့၍ ဖုန်းထုတ်ကာ ကိုကြီးဆီကိုမြန်မြန်လာခဲ့ဖို့ Messageပို့လိုက်သည်။
အခန်းထဲမှာ မိန်းကလေးသုံးယောက်အုပ်စုရယ်၊ ဂိမ်းဆော့နေသောယောကျာ်းလေးနှစ်ယောက်ရယ်နဲ့သူရယ်ပဲကျန်တော့သည်။
ပျင်းရိရိနဲ့ဖုန်းထုတ်၍ ဂိမ်းထိုင်ဆော့ဖို့ပြင်လိုက်၏။