Part-7

543 43 14
                                    

မနက်ပိုင်းအတန်းချိန်တွေအားလုံးပြီးသွားပြီဖြစ်သည်။

" ကိုကြီး၊ ကိုလတ်! ဟိုလေ..ကန်တင်းသွားကြအုံးမှာလား "

" သွားမှာပေါ့ ကမ္ဘာရဲ့။
ငါဘာမှမစားရသေးဘူး။
ဗိုက်ကတဂွီဂွီမြည်နေပြီ "

မဟာက ကမ္ဘာ့အားဗိုက်ပုတ်ပြ၍ ပြန်ဖြေလိုက်၏။

" ငါကတော့ ဗိုက်သိပ်မဆာဘူး။
မနက်က ဟိုကောင့်ကျွေးတာတွေစားပြီး အဆီရစ်နေတုန်း "

နိုင်းခန့်ဟိန်းလိုက်ကျွေးတဲ့မုန့်တွေစားပြီးနောက် သဘာဟာ မှီသ‌လောက်အတန်းတစ်ချိန်လေးကို အပြေးလာတတ်ခြင်း။

" ဟိုလေ..."

" ကဲ ကမ္ဘာရေ။ တစ်ဟိုဟိုနဲ့ ဘာတွေဖြစ်နေတာလဲ "

အငယ်ဆုံးလေးအား စိတ်မရှည်တော့သည့် မဟာမှာ ခပ်ဆတ်ဆတ်ဆူလိုက်တော့၏။

" ကမ္ဘာလေ...ချိန်းထားတာလေးရှိလို့ "

" ချိန်းထားတာရှိရင်သွားပေါ့ "

" ဘယ်သူဘယ်ဝါမစပ်စုတော့ဘူးလား ကိုကြီးတို့က "

ကမ္ဘာထင်ခဲ့သည်က သူပြောလိုက်ရင် အစ်ကိုနှစ်ယောက်က ဘယ်သူလဲဘယ်ဝါလဲဆိုပြီး စေ့စေ့ပေါက်ပေါက်မေးမယ်ထင်ထားခဲ့တာ။

" မေးစရာမလိုအောင် အစ်ကိုမှိုင်းသွေးမာန်ဆိုတာကို သိလို့လေ "

" သိကြတာလား...ဟီး "

" အဲ့တော့ ဘယ်မှာချိန်းထားတာလဲ "

" စာကြည့်တိုက်မှာ "

" သွားမယ်ဆိုသွားလေ။
ကိုကြီးတို့ ကန်တင်းကစောင့်နေမယ်။
ကမ္ဘာစားနေကျပဲမှာထားပေးမယ် "

" ဟုတ် အာ့ဆို သွားတော့မယ်နော် "

" ဟဲ့ ဟဲ့ နေပါအုံး။
ငါ့လည်းပြောကြပါအုံး။ ဘယ်ကဘယ်လို အဲ့စီနီယာနဲ့ ကမ္ဘာနဲ့ကချိန်းထားတဲ့အဆင့်ထိရောက်ကုန်တာတုန်းငါလည်းဘာမှမသိရပါလား "

ထွက်သွားတော့မယ့် ကမ္ဘာ့အား ဝတ်ရည်မှလက်ဆွဲတားပြီး မေးတော့သည်။ ဒီကြားထဲကအခြေအနေတွေအားလုံး သူမလွတ်သွားခဲ့သည်လား။ သူတို့အနားမှာရှိနေရက်နဲ့ သူဘာမှလိုက်မမှီတော့ပေ။

TRIPLETSWhere stories live. Discover now