Part(12)

842 48 13
                                    

တဖွားဖွားနဲ့ပျံသန်းရောက်လာကြတဲ့ ခိုတွေကို အစာကျွေးနေသောသူအား ခပ်လှမ်းလှမ်းကနေ ငေးကြည့်ရင်း သဘောကျနေရသည်။ ငုတ်တုပ်ထိုင်နေသော ကျောပြင်ကျယ်ကြီးက အနောက်ကနေသိုင်းဖက်ချင်စရာ။

ငေးကြည့်ရုံတင်လားဆိုတော့ မဟုတ်။ ဖုန်း cameraနဲ့ တဖျတ်ဖျတ်ရိုက်နေမိတာ ပုံ30 မကတော့။ ခိုစာကိုလက်ဖဝါးထဲထည့်ပြီး သူ့လက်ဖဝါးထဲကနေပဲ  ခိုတွေအားစားစေသည်။ တစ်ချက်တစ်ချက် အစ်ကိုကပြုံးလိုက်သေးတယ်။

ဘုရားရွှေသင်္ကန်းကပ်ပြီးတော့ ငါးစာကျွေးရအောက်ဟုပြောပေမယ့် အစ်ကိုကခိုတွေပဲ အစားကျွေးချင်သည်တဲ့။ နဂိုကတည်းက အစ်ကို့သဘောအတိုင်းအလိုလိုက်ချင်နေတဲ့သူမို့ ငါးစာကျွေးဖို့ထက် ခိုစာရောင်းတဲ့ဘက်ကိုသာခြေဦးတည်ပစ်ခဲ့တာ။

အစ်ကိုကသာ ပတ်ပတ်လည်မှာ ခိုတွေခြံရံပြီး ကျွေးနေပေမယ့် သူကတော့ ခိုတွေကျွေးဖို့‌အတွက်ဝယ်ထားတဲ့ သူ့ဝေစုကို 'စားချင်တဲ့ခို ကိုယ့်ဘာသာလာစားစေ'ဆိုတဲ့သဘောမျိုးနဲ့ သူ့ဘေးမှာ
ခိုစာပန်းကန်ပြားကိုချထားလိုက်သည်မို့ အစောကြီးကတည်းက တပြုံလိုက်ကြီးလာစားကြတာ ကုန်နှင့်ပြီ။

ခိုစာထပ်ဝယ်ပြီးကျွေးဖို့ထက် သူ့အရှေ့ကအစ်ကို့ကိုထိုင်ငေးပြီး ဓာတ်ပုံရိုက်‌ထားဖို့သာ စိတ်အားထက်သန်နေပါသည်။ အစ်ကိုက ခိုတွေကိုအတော်ချစ်ပုံရသည်။ ဒါနဲ့ဆို ကျွေးနေတာ 4ပန်းကန်မြောက်။

သူ့လက်ထဲကအစာတွေကုန်တော့ ထိုင်ရာမှထရပ်ပြီး သူ့ဘက်လှည့်လာတော့ လက်ထဲက အခုထိချိန်ထားပြီးရိုက်နေဆဲဖြစ်တဲ့ ဖုန်းကို အဆတ်မပြတ်နှိပ်ရင်း အစ်ကို့ပုံအတော်များများကိုထပ်ပြီးရိုက်ယူလိုက်သည်။

မကြာပါဘူး ရီသံချိုချိုလေးနဲ့သူ့အနားသို့ အစ်ကိုရောက်လာသည်။

" အစ်ကို့ပုံတွေခိုးရိုက်နေတယ်ပေါ့ "

" ခိုးမရိုက်ပါဘူး...ပေါ်တင်ရိုက်တာ။
ပြီးရင်လည်း ပေါ်တင်ပဲ Home screenရော၊ lock screen ပါ Wallpaper ထားပစ်မှာ "

" မင်းကတော့... "

ခေါင်းယမ်းကာ ပြောရင်းနဲ့ ခိုစာပန်းကန်အား ရောင်းသူထံပြန်သွားပေးသည်။

You've reached the end of published parts.

⏰ Last updated: Nov 22, 2022 ⏰

Add this story to your Library to get notified about new parts!

TRIPLETSWhere stories live. Discover now