Part-9

437 37 12
                                    

* ပိတောက်လမ်းဘက်ခဏလာခဲ့*

ဆရာမထွက်သွားတာနဲ့ စောစောကဖုန်းထဲရောက်လာတဲ့ messageကို ကမ္ဘာဝင်ဖတ်ကြည့်လိုက်မိတော့ ပို့သူမှာ အစ်ကိုမှိုင်းသွေးမာန်။ အကြောင်းအရာမှာ ပိတောက်လမ်းဘက်လာခဲ့ဖို့။

အခုနောက်ပိုင်း အစ်ကိုမှိုင်းသွေးမာန်က သူ့အားမကြာမကြာအဲ့လိုမျိုးနှစ်ယောက်တည်းတွေ့ဖို့ခေါ်တတ်သည်။

နောက်ထပ်အတန်းချိန်တွေရှ်ိသေးပေမယ့် သူကလည်း အစ်ကိုမှိုင်းသွေးမာန်ခေါ်တာနဲ့ မသွားရရင်မနေနိုင်သလိုမျိုး။ ဒီနေ့မနက်ကလည်းမတွေ့ရသေးတော့ သူ့အထင် တစ်ခုခုများပေးဖို့လားလို့။ ဘောပင်ထင်တာပဲ။ ဘောပင်မျက်နှာလေးထောက်ပြီးသွားလိုက်ပါ့မယ်။

" ကိုကြီး ကမ္ဘာအပြင်ခဏသွားအုံးမယ်နော် "

" ဟင်! အတန်းချိန်တွေရှိသေးတယ်လေ။
ဘယ်ကိုသွားမှာတုန်း "

" ဟိုဟာ..သူငယ်ချင်းတစ်ယောက်ကခေါ်လို့ ခဏ! "

" အမလေး...သူငယ်ချင်းဘာညာနဲ့အပိုတွေပြောမနေပါနဲ့ ကမ္ဘာရယ်။
အစ်ကိုကမှိုင်းသွေးမာန်ကခေါ်ရင်ခေါ်တယ်ပေါ့။
ကိုကြီးကလည်း အခုထိကိုကိုယ့်ညီအကြောင်းကိုမသိဘူး "

ဘေးနားကမဟာကဝင်ပြောတော့ ကမ္ဘာ‌သည် ဇာတ်ကလေးပုပြီး သွားလေးဖြီးပြသည်။

" အဲ့ကိစ္စကို အိမ်ကျရင် သေသေချာချာပြောပြဖို့လိုပြီနော် ကမ္ဘာ "

" ကမ္ဘာပြောပြပါ့မယ် ကိုကြီးရဲ့။
အခုတော့ သွားလိုက်မယ်နော် "

" နေအုံး! ဘယ်အထိလဲ "

" ပိတောက်လမ်းဘက်ပါ "

" မြန်မြန်ပြန်လာခဲ့နော် "

" ဟီး...ဟုတ်ကဲ့ ဟုတ်ကဲ့ "

ကမ္ဘာသည် ကျောပိုးအိတ်ကလေးကောက်ယူပြီး အခန်းထဲကနေ သုတ်သုတ် သုတ်သုတ်ဖြင့်ထွက်သွားတော့၏။ ကျန်အမွှာနှစ်ယောက်အရှေ့ကိုပြန်လှည့်တော့ မိန်းကလေးဘက်ခြမ်းရဲ့ဒုတိယခုံမှာရှိနေတဲ့ ဝတ်ရည်သွေးက ကမ္ဘာထွက်သွားတဲ့ဘက်ကို
ကြည့်၍ မျက်လုံးပြူးနဲ့မေးငေါ့ပြသည်။ သဘောက ကမ္ဘာဘယ်သွားလဲဆိုပြီးမေးနေဟန်ဖြင့်။

TRIPLETSWhere stories live. Discover now