အပိုင်း (၄) - Unicode

87 11 2
                                    

ဒီနေ့ နောက်ဆုံးနေ့ ။ ကျွန်တော်တို့ ကို ရွေးချယ်မယ့်နောက်ဆုံးနေ့ ။ အယောက် နှစ်ဆယ်လောက်ရှိတဲ့ သူတွေထဲကမှ ဆယ်ယောက်ကိုပဲ ရွေးချယ်မယ့်နေ့။ ရွေးချယ်ခံရတဲ့ ဆယ်ယောက်က မေဂျာပေါင်းစုံ ပြိုင်ပွဲမှာ ဝင်ပြိုင်ရမှာ ဖြစ်ပြီးတော့ ကျန်တဲ့သူ‌တွေကတော့ ပြိုင်ပွဲမှာ ဝင်ပြီး မကစားဖြစ်တော့တဲ့ သူတွေပေါ့ ။

"လုပ်ထား ဒီနေ့က နောက်ဆုံးနေ့ ၊ မင်းတို့ မေဂျာ ကိုယ်စားပြု ပြိုင်ပွဲဝင်ဖို့ အတွက် ကြိုးစားရမယ့် နောက်ဆုံးနေ့"

အကိုသူရိန်ရဲ့ အသံက အားကစားရုံ အပြင်ဘက်မှာတောင် အားအင်အပြည့်နဲ့ ကျယ်လောင်နေဆဲပါပဲ။

ကျွန်တော်တို့ အသင်းလိုက်ခွဲပြီး ကစားရတယ် ၊ ဘောလုံးတွေကို ပစ်ရင်း ၊ shoot ရင်း နဲ့ လေ့ကျင့်နေရတယ်။ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားရမယ်။ မဟုတ်ရင် ပြိုင်ပွဲမှာ ဝင်ပြိုင်နိုင်မှာ မဟုတ်ဘူး။

ဓညထွန်း က သူ့ပုံစံ အတိုင်း တည်တည်ငြိမ်ငြိမ်နဲ့ ရှိနေတယ်။ သူ နည်းနည်းလေးမှ စိတ်မလှုပ်ရှားဘဲ နေနိုင်တာလား ။ ဒီလိုနေ့မျိုးမှာလေ။

ညနေ ရောက်တဲ့အခါ ကျွန်တော်တို့ အားလုံး ကွင်းထဲမှာ တန်းစီနေကြတယ် ။ ဒီတစ်ခါတော့ အားကစားရုံရဲ့ အပြင်ဘက်မှာ မဟုတ်ဘဲ အထဲမှာ တန်းစီနေကြတာပါ။

အကိုသူရိန်က အဆင့်ဆင့်ရှိနေတဲ့ ခုံတွေရှေ့မှာ မတ်တပ်ရပ်ရင်း ဘောလုံးကို တစ်ချက်ပြီး တစ်ချက် ပုတ်နေတယ်။ ညနေ ပိုင်းဖြစ်တဲ့အတွက်  အားကစားရုံမှာ လူရှင်းနေပြီ။
အကိုသူရိန်ဟာ စကားမပြောသေးဘဲ တိတ်ဆိတ်နေတယ်။ ကျွန်တော်တို့လည်း တိတ်ဆိတ်နေမိတယ်။ အားကစားရုံထဲမှာ ကဘောလုံးနဲ့ ကြမ်းပြင် ထိတဲ့ အသံကလွဲပြီး ကျန်တာ ကို မကြားရဘူး။

"ညီလေးတို့ "

အကိုသူရိန်ဟာ ကျွန်တော်တို့ကို training တစ်လျှောက် မင်းတို့ လို့ပဲ သုံးနှုန်း‌ပြီး ခေါ်‌ခဲ့တာပေမယ့် ဒီတစ်ခါတော့ ညီလေးတို့ လို့ ခေါ်လာတယ်။

"အကို ဘယ်သူ့ကိုမှ မထားခဲ့ချင်ဘူး ၊ ဒါပေမဲ့ ပြိုင်ပွဲမှာ လူတွေ အကုန်လုံးဝင်လို့ မရဘူးလေ "

စိန်ပန်းတွေခင်းတဲ့လမ်းမှာ .... လျှောက်ခဲ့ဖူးပါသည် Where stories live. Discover now