အပိုင်း-၇

42 5 2
                                    

ပထမနှစ်ဝက်ရဲ့ စာမေးပွဲက ပေါ့ပေါ့ပါးပါးနဲ့ ပြီးသွားတယ်။ ဂုဏ်ထူးမရလောက်ပေမဲ့ ကျွန်တော်တို့ မကျလောက်ပါဘူး။

စာမေးပွဲပြီးတဲ့ နေ့ မှာ ကျွန်တော်တို့ ရထားလမ်းဘက် ထွက်လာကြတယ်။ တစ်ခါမှ မရောက်ဖူးတဲ့ နေရာကို ရောက်တဲ့အခါ ကျွန်တော်တို့ အတွက် အထူးအဆန်းလိုပဲ။ တကယ်ဆို ရထားလမ်းက ရထားလမ်းပါပဲ။ ဒါပေမဲ့ ဒီရထားလမ်းက ပိုကြည့်ရကောင်းသလိုပဲ။ ရထားလမ်းဘက် လမ်းလျှောက်ရင်း ညောင်းလာတဲ့အခါ အုတ်ခုံပေါ်မှာ ထိုင်ရင်း နားကြပြန်တယ်။

"ဟေ့ကောင်တွေ သီချင်းဆိုရအောင်"

စံပြရဲ့ စကား ကို တညီတညာတည်း ခေါင်းညိတ်ကြပြီးမှ တညီတညာတည်း ပြန်မေးကြပြန်တယ်။

"ဘာသီချင်းဆိုမလဲ"

"မိုးသီချင်း"

ဓညရဲ့ မိုးသီချင်း ဆိုတဲ့ စကားကို ကြားတော့ ကျန်တဲ့သူတွေက မျက်နှာမဲ့ပြတယ်။

"နွေခေါင်ခေါင်ကြီးကွာ"

ဟုတ်ပါတယ်။ တကယ်လည်း မတ်လ အလယ် နွေခေါင်ခေါင်ကြီးပါပဲ။

"ဒါဖြင့် ဘာသီချင်းဆိုမှာလဲ"

ဘာသံမှ ထပ်မထွက်လာတဲ့ အဆုံး မိုးသီချင်း ကို ပြိုင်တူသ‌ဘောတူလိုက်ကြတယ် ။ ဘာဖြစ်လဲ။ မိုးရာသီရောက်မှ မိုးသီချင်း ဆိုလို့ရတာမှ မဟုတ်တာ။

"မိုးရွာရင် မိုးရေချိုးမယ်
မေမေလာရင် နို့စို့မယ်"

ဓည ဆိုတဲ့ မိုးသီချင်းကို ကြားတဲ့အခါ အကုန်လုံး ကြောင်သွားကြတယ်။ ကျွန်တော်ထင်ထားခဲ့တာလည်း အဆိုတော် ရဲလေးရဲ့ မိုးလေ။

မတတ်နိုင်ဘူး။ ဆက်ဆိုကြတော့တာပါပဲ။ တီးစရာ ခတ်စရာတော့လည်း မရှိပါဘူး။ ဘေးနားက ကျောက်ခဲလေးတွေကို ထုကြ တီးကြပေါ့။

ဒီလိုဆိုတော့လည်း တက္ကသိုလ်ကျောင်သား ဘဝက ပျော်စရာကောင်းသားပဲ။ စာမကျက်ရတာတော့ မဟုတ်ပါဘူး။ တက္ကသိုလ်ရောက်ရင် စာမကျက်ရတော့ဘူးဆိုတာလည်း တကယ်မဟုတ်ဘူး။ တက္ကသိုလ်ရောက်ရင် ရည်းစားအလိုလိုရမယ် ဆိုတာလည်း တကယ်မဟုတ်ဘူး။

စိန်ပန်းတွေခင်းတဲ့လမ်းမှာ .... လျှောက်ခဲ့ဖူးပါသည် Where stories live. Discover now