အပိုင်း (၉)

78 6 3
                                    

မနက်စောစောမှာ လေအေးအေးလေး တစ်ချက်ကြောင့် ကျွန်တော်နိုးလာတယ်။ ကျွန်တော့်ကိုယ်ပေါ်မှာ စောင်ပါးလေးတစ်ထည်။

"နိုးပြီလား"

ဘယ်အချိန်တည်းက နိုးနေမှန်းမသိတဲ့ ဓညကတော့ ကျွန်တော့်ကို လှည့်ကြည့်ရင်းက  ပြတင်းပေါက် ကန့်လန့်ကာကို ဖွင့်နေတယ်။

ကျွန်တော်  ဘာမှ ပြန်မပြောနိုင်သေးခင်မှာပဲ ဓညက ပြတင်းပေါက်တံခါးကို တွန်းဖွင့်လိုက်တယ်။

မနက်ခင်းရဲ့ နေရောင်ခြည် လို့ ဆိုရမလား၊ နေရောင်ခြည်နွေးနွေးလေးက ကျွန်တော့်ကို လာထွေးတယ်။

"ထတော့လေ၊ မနက်စာ သွားစားရအောင်"

ဓည စကားဆုံးမှ ကျွန်တော် အိပ်ရာက ထဖြစ်တယ်။ မနက်စာ ဆိုရင် သိပ်ပြီး စားလေ့စားထ မရှိတဲ့ ကျွန်တော့် အတွက် တော့ ဒါက ဒါက ရှားပါးလွန်းတဲ့ မနက်စာပါပဲ။

ဈေးကို သွားနေတဲ့ လမ်းတစ်လျှောက်မှာ
ဓညရဲ့ အသိတွေက လှမ်းနှုတ်ဆက်တယ်။
ဓညကလည်း ပြုံးပြုံးရယ်ရယ် နှုတ်ဆက်ရင်း ကျွန်တော့်ကိုလည်း မိတ်ဆက်ပေးတယ်။

ဈေးထိပ်နားကို ရောက်တဲ့ အခါ မုန့်တီ ဆိုင်ကို လှမ်းမြင်ရနေပြီ။ အယောက် နှစ်ဆယ်လောက်ရှိတဲ့လူတွေဟာ မုန့်တီဆိုင်သေးသေးလေးရဲ့ဘေးမှာ ဝိုင်းနေတယ်။

"ဓည "

"အင်း "

"မုန့်တီဆိုင်က တစ်ဆိုင်ပဲရှိတာလား"

ဓညက ရယ်တယ်။

"မဟုတ်ဘူး၊ ဒီဆိုင်က အရသာတော်တော်ကောင်းလို့ တန်းစီပြီးစောင့်နေကြတာ"

ကျွန်တော်တို့ရှေ့က လူတွေ အကုန်လုံး ကုန်သွားပြီးတဲ့အခါ ဓညရဲ့ စကားက သိပ်မှန်‌တာကို လက်ခံလိုက်မိတယ်။

မုန့်တီ အရည်ထဲကို ထည့်ပေးတဲ့ အရိုးနွှင်ထားပြီးသား ငါးတွေက အရသာရှိလွန်းတယ်။ ငါးကို အဓိက သုံးပြီး ချက်ထားတဲ့ ဟင်းရည် ပူပူလေးကလည်း အနံ့လေးမွှေးနေသလို အရသာလေးကလည်း ကောင်းနေတာ တစ်ခွက်ပြီး တစ်ခွက် သောက်ချင်စရာပဲ။ မုန့်တီဖတ်လေးတွေက ရန်ကုန်ကထက်ကို မျှင်မျှင်သေးသေးလေးတွေပါ။ ဒါပေမဲ့ ရောထွေးနေတာမျိုးမရှိဘဲ စားရတာ အရသာရှိနေပြန်တယ်။

စိန်ပန်းတွေခင်းတဲ့လမ်းမှာ .... လျှောက်ခဲ့ဖူးပါသည် Where stories live. Discover now