အပိုင်း (၃) Unicode

89 14 2
                                    

အားကစားရုံရဲ့ ပတ်လမ်းဟာ ကျွန်တော်တို့အတွက် မနက်တိုင်းပြေးရတဲ့ နေရာဖြစ်လာတယ်။ သက်လုံကောင်းစေဖို့ ဆိုတဲ့ အကြောင်းရင်းကြောင်းနဲ့ ကျွန်တော်တို့ဟာ ဒီလမ်းကို ‌မနက်တိုင်းပတ်ပြေးရတယ်။

"ငါ ထွက်တော့မယ်"

ဒါဟာ ကျွန်တော် မနက်တိုင်းပြောမိတဲ့ စကားပါပဲ။ မနက်တိုင်း ပြေး ရတဲ့ အချိန်မှာ ဒီစကားကို ပြောပြီး နေ့လည်ရောက်တဲ့အခါမှာတော့ ဘတ်စကက်ဘောကို သဘောကျကြောင်း ပြောမိတာ ကျွန်တော်ပါ။

ကျွန်တော့်ရဲ့ "ငါထွက်တော့မယ်" ဆိုတဲ့ စကားကို ခဏခဏ ကြားနေရတဲ့သူတွေကတော့ မထူးဆန်းသလိုပဲ ကြည့်ရင်းရယ်တယ်။ ကျွန်တော်ကတော့ အလိုမကျတဲ့ မျက်နှာ မျိုးနဲ့ ဒီလမ်းကို ပြေးနေဆဲပါပဲ။

ကျွန်တော့်နောက်က သူတွေ ကျော်တက်သွားကြတယ် ။ ဘယ်သူ ဘယ်နေရာကိုရောက်နေပါစေ ၊ ကျွန်တော်ကတော့ အမြဲနောက်ဆုံးမှာပါ။

ဒါပေမဲ့ ဓညထွန်း က ကျွန်တော်နဲ့ အတူ နောက်ဆုံးကနေ လိုက်ပြေးပေးရှာတယ်။ တော်ပါသေးရဲ့ ။ ကျွန်တော် တစ်ယောက်တည်း နောက်ဆုံးမှာ ကျန်ခဲ့ရတာ မဟုတ်တော့ဘူး။ ကျွန်တော့် ကို စောင့် ပြီး ပြေးနေတဲ့ ဓညထွန်းကို ကျေးဇူးတင်တဲ့ စကား ဆိုမိတော့ ဓညထွန်းက ‌ခပ်တိုးတိုးဆိုတယ်။

"ငါ့ကို ကျေးဇူးမတင်ဘဲ ဗုံး ကြည့်ရှောင်"

ကျွန်တော်တို့ရဲ့ ဗုံး ဆိုတာက လမ်းတောက်လျှောက်မှာ တွေ့ရတတ်တဲ့နောက်ချေးပုံ တွေပါ။ ပြေးရတဲ့ လမ်းတစ်လျှောက် ဒီနောက်ချေးပုံတွေကို လည်း ရှောင်ရ ရှားရပါသေးတယ်။ အပြေးမတော်ရင် တက်နင်းမိတတ်လို့ ဒီ ဗုံး တွေက ကျွန်တော်တို့ အတွက်တော့ အန္တရာယ်အများဆုံးပါပဲ။

************

လေ့ကျင့်တဲ့ အချိန်မှာ ကျွန်တော်တို့ က တန်းစီပြီး အကိုသူရိန်ပြောသမျှ နားထောင်နေကြတယ်။ အကိုသူရိန်က ဘောလုံးကို ကိုင်ရင်း မတ်တပ်ရပ်နေရာက စကားပြောတယ်။ ကျွန်တော်က အကိုသူရိန်‌ကို မျက်နှာချင်းဆိုင်ပြီးရပ်နေတယ်။ ကျွန်တော့်ရဲ့ နောက်မှာ ဓညထွန်း က တန်းစီတယ်။ ဓညထွန်းရဲ့ နောက်မှာ အခြားယောက်ကျားလေးတွေ တန်းစီနေကြတယ်။

စိန်ပန်းတွေခင်းတဲ့လမ်းမှာ .... လျှောက်ခဲ့ဖူးပါသည် Where stories live. Discover now