အပိုင်း - ၆ ( Unicode)

50 7 4
                                    

အတန်းထဲကို မရောက်တာ ကြာလို့ထင်ပါရဲ့ အရာရာ အသစ်အဆန်းတွေလို ခံစားနေရတယ် ။ အချင်းချင်း ရင်းနှီးသွားကြတာတော့ အမြတ်ပေါ့လေ။ ကျွန်တော်တို့ အခန်းထဲမှာ ဘက်စကတ်ဘော အသင်းက သုံးယောက် ပါနေတော့ ကျွန်တော်တို့သုံးယောက် အတူတူ ထိုင်ဖြစ်ကြတယ်။ ကျွန်တော်ရယ် ၊ ဓည ရယ် ၊ ရယ် ။ ဒီပြိုင်ပွဲ ကာလ တစ်လျှောက် ကျွန်တော်တို့ အများကြီး ရင်းနှီးခဲ့ကြတာ က တော်တော် ကြီးမားတဲ့ အပြောင်းအလဲ လို့ ပြောကမလိုပဲ။ ဒါပေမဲ့ ဓည ရဲ့ ပုံစံကတော့ အတန်းထဲရောက်ရင် သူ့ပုံစံ အတိုင်း မပြောင်းမလဲပါပဲ။ အင်း ..အရယ် အပြုံးလေး နည်းနည်းရှိလာတာက လွဲလို့ပေါ့။

"ဓည အအေးသွားဝယ်ရအောင်"

ဓညက သူ့လက်ထဲက ရေဘူးကို ထောင်ပြရင်း ခေါင်းခါတယ်။

"ရေရှိရင်ရပြီ"

ဓည က ဒီလို လူပါ။ အတန်းထဲမှာ အစားအသောက်တစ်ခု စားဖို့ကို အတော်ကို တွန့်ဆုတ်တဲ့သူမျိုး။

"ရေနဲ့ အအေးနဲ့ မတူဘူးလေကွာ"

"မင်းသောက်ချင်ရင် ငါလိုက်ပေးမယ်"

မိန်းကလေးတွေက တစ်နေရာရာ သွားရင် အဖော်ခေါ်တတ်ကြတာ များတယ်လို့ ထင်မိခဲ့ပေမယ့် ကျွန်တော်တို့ ယောက်ျားလေးတွေလည်း အဖော်ခေါ်တတ်ကြပါတယ်။

တစ်ခါတလေတော့ ဓည က လိုက်လာတတ်တယ် ။ တစ်ခါတလေတော့ ဓည အပါအဝင် အခြားသူတွေပါ တစ်ဖွဲ့လုံးသွားတတ်ကြတယ် ။

ကျွန်တော်တို့က ပြန်ရမယ့် လမ်းချင်းတူတဲ့အခါ ဘတ်စ်ကားကို အတူတူ စီးဖြစ်ကြတယ် ။ ယာဉ်လိုင်း အမှတ်၂၁၃ နဲ့ ၁၇၄ က ကျွန်တော်တို့ အမြဲစီးရတဲ့ နံပါတ်တွေပါပဲ။

မှတ်တိုင်မှာ စီးရင် နေရာ မရတတ်တာမလို့ ကျွန်တော်တို့က ကားဝန်းထဲအထိ သွားစီးတတ်ကြတယ် ။ ကားဝန်းထဲမှာ မထွက်သေးတဲ့ကားပေါ်တက်၊ ခဏတစ်ဖြုတ် ထိုင်စောင့်ရင်း လိုက်စီးလာတော့ နည်းနည်းတော့သက်သာရပါတယ်။ မဟုတ်ရင် ငါးပိ ငါးချဉ် သိပ်သလို ပြည့်ကျပ်နေတဲ့ ကားပေါ်မှာ အသက်တောင် သေချာ မရှူနိုင်ပါဘူး။ ကားမောင်းကြမ်းတဲ့ ကားဆရာ နဲ့ ဆိုရင် ပိုလိုတောင် ဆိုးပါရဲ့။ အကွေ့တစ်ခါရောက်တိုင်း လူက ဘယ်ဘက်ကို ယိမ်းလိုက် ၊ ညာဘကကို ယိမ်းလိုက်။ ဒီကြားထဲ ဘရိတ်အုပ်လိုက်ရင် လူကျပ်နေတဲ့ကြားက အရှေ့ကို နှစ်ပေလောက် လွင့်သွားတတ်ကြတာ။

စိန်ပန်းတွေခင်းတဲ့လမ်းမှာ .... လျှောက်ခဲ့ဖူးပါသည် Where stories live. Discover now