အပိုင်း - ၈

42 3 0
                                    

ဓညဆီကို ကျွန်တော် ဖုန်းဆက်တဲ့အခါ ကျွန်တော့် အသံတွေတောင် တုန်နေသလိုပဲ။ ကျွန်တော် ဓညနဲ့ ခရီး အတူတူသွားခွင့်ရပြီ။

ကျွန်တော်တို့ နေ့လည် နှစ်နာရီလောက် ရန်ကုန်ကစထွက်ကြတယ်။ ‌

"မင်း ပြတင်းပေါက်ဘေးမှာထိုင်ချင်လား"

ဓညက မေးတဲ့အခါ ကျွန်တော် ပြန်မေးမိတယ်။

"မင်းရော"

"ငါ မင်းအတွက်ဝယ်ပေးထားတာ"

ခုံနံပါတ် ၈ ဟာ ကျွန်တော့်နာမည်နဲ့။ ကျွန်တော် ပြတင်းပေါက်ဘေးမှာ ထိုင်ချင်မှန်း ဓည ဘယ်လိုသိတာလဲ။

"ကျေးဇူးပဲ"

ကျွန်တော့် ကျေးဇူးတင်စကားကို ဓညက ခေါင်းခါပြတယ်။

"မလိုဘူး"

ဒီလိုနဲ့ ကျွန်တော်တို့ ကားစထွက်တဲ့အခါ ကျွန်တော်ဟာ ဘေးလမ်းတစ်လျှောက်က ရှုခင်းတွေကို ကြည့်ပြီး လိုက်လာတော့တာပဲ။

ရခိုင်ပြည်နယ်ဘက်ကို သွားတဲ့လမ်းက တောင်တွေရှိတဲ့အတွက် အကွေ့အကောက်ပိုများတယ်။ ရန်ကုန်ကနေ ပြည်ကို သွားတဲ့အခါ အခက်အခဲ သိပ်မရှိပေမဲ့ ပြည်ကနေ ဆက်သွားရတဲ့အခါမှာတော့ ကျွန်တော် ကားမူးလာတော့တာပဲ။

"မင်း အဆင်ပြေလား"

ဓညဟာ ဒီမေးခွန်းကို ဘယ်နှစ်ခါမေးပြီလဲ မရေတွက်နိုင်တော့ဘူး။ ကျွန်တော့် အဖြေတွေကတော့ "အဆင်ပြေပါတယ်" ဆိုတဲ့ အဖြေကနေ "မပြေဘူး" လို့ ပြောပြီးခေါင်းခါပြရတဲ့ အဖြေဆီကို ပြောင်းလာပြီ။

ဓညဟာ ကျွန်တော့်ကို တစ်လမ်းလုံး ဂရုစိုက်ရှာတယ်။

"မင်း ရခိုင်ကို ပထမဆုံးလာဖူးတာလား"

ကျွန်တော် မျက်လုံးမှိတ်ရင်းက ခေါင်းညိတ်ပြမိတော့ ဓညက သက်ပြင်းခိုးချတယ်။

"ရောက်တော့မှာပါ မိုင် ၅၀ လောက်ပဲ လိုတော့တာ"

ကျွန်တော် ပြန်ပြေးချင်သွားတယ်။ ဓညဟာ ဘာလို့များ လေယာဉ်နဲ့ မပြန်ရတာလဲ။

ဒီမေးခွန်းကို ကျွန်တော် ဓညကို မေးဖူးပါတယ်။ ကားနဲ့ ပြန်မယ့်အစား လေယာဉ်နဲ့ ပြန်ရင် ပိုပြီး အချိန်ရော၊ လူရော သက်သာမယ်လေ။

စိန်ပန်းတွေခင်းတဲ့လမ်းမှာ .... လျှောက်ခဲ့ဖူးပါသည် Where stories live. Discover now