အပိုင်း (၅) Unicode

56 9 0
                                    

ကျွန်တော်တို့ မနက်စောစော မှာပဲ အားကစားရုံရှေ့ ရောက်နေကြတယ်။ အားကစားရုံရဲ့ ခန်းမကတော့ မဖွင့်သေးပါဘူး ။ ဒီတော့ အားကစားရုံဘေးက ကန်တင်း ဟာ ကျွန်တော်တို့ အတွက် နားစရာ နေရာတစ်ခု ဖြစ်လာရပြန်တယ်။

"အများကြီး မစားကြနဲ့နော် ၊ ပွဲထဲမှာ ငြိမ်နေရမှာ မဟုတ်ဘူး"

"ဟုတ်"

သံတူပြိုင်ပြီး ဟုတ် လို့ အော်လိုက်ကြတဲ့အခါ အကိုသူရိန်က မျက်မှောင်ကျုံ့ကြည့်တယ်။ နောက်ပြီးတော့ ပြုံးတယ်။

"တက်ကြွနေလိုက်ကြတာကွာ"

ကျွန်တော်တို့ ပြိုင်တူရယ်မိကြပြန်တယ်။

စားသောက်ပြီးတဲ့ အချိန်မှာ ၈ နာရီ ထိုးပြီ ဆိုတော့ အားကစားရုံတံခါးလည်း ပွင့်လာတယ် ။ ကျွန်တော်တို့ ချက်ချင်းဆိုသလို အားကစားရုံထဲ ဝင်ဖို့ပြင်လိုက်တယ်။ ငွေရှင်းဖို့ လုပ်နေကြတဲ့ ကျွန်တော်တို့ကို အကို သူရိန်က တားတယ်။

"မရှင်းနဲ့ ၊ ထားခဲ့  "

"မဟုတ်တာ ကျွန်တော်တို့ရှင်းပါ့မယ် ၊ အကို့ကို အားနာဖို့ကောင်းတယ်"

"ငါရှင်းတာမဟုတ်ဘူး ၊ ပြိုင်ပွဲ အစကနေ အဆုံးထိ စားသောက်စရိတ်ကို ကျောင်းက ထုတ်ပေးထားတာ "

ဒီတော့မှ သဘောပေါက်သွားတဲ့ ကျွန်တော်တို့ဟာ ရယ်ကျဲကျဲနဲ့ပဲ ပိုက်ဆံ အိတ်လေးတွေ ကို ပြန်သိမ်းလိုက်ကြပြန်တယ် ။

*********

"မင်းတို့ နဲ့ ပထမဆုံး တွေ့မယ့် အသင်းက သိပ်စိတ်မပူရပါဘူး ၊ ဒါ‌ေပမဲ့ လျှော့တော့ မတွက်နဲ့ ၊ အကောင်းဆုံး လုပ်ကြ"

ကျွန်တော်တို့ အားလုံး မာန်အပြည့်နဲ့ ခေါင်းညိတ်လိုက်ကြတယ်။

လက်တွေကို ထပ်လိုက်ကြရင်း အသံကုန်တဲ့အထိ ဟစ်အောင် လိုက်ကြတယ်။

"We are E - Major"

ပွဲစတဲ့အခါမှာတော့ ငါးယောက်က ပွဲထဲကို အရင် ဝင်ပြီး ၊ အခြား ငါးယောက်က ဘေးမှာ အသင့်စောင့်နေကြတယ်။

ပထမဆုံး ပြိုင်ပွဲ မလို့ ထင်ပါတယ် ။ ကျွန်တော် စိတ်တွေ တအား လှုပ်ရှားနေတယ် ။ အတတ်နိုင်ဆုံး ထိန်းနေပေမယ့် ပွဲဆော့ရင်း ဖိအားတွေကို ခံစားလာမိသလိုပဲ။

စိန်ပန်းတွေခင်းတဲ့လမ်းမှာ .... လျှောက်ခဲ့ဖူးပါသည် Where stories live. Discover now