[Unicode]
"တောက် မင်းတို့ကောင်တွေ အသုံးကိုမကျကြဘူး"နေမင်းသန့်စင် အတော်လေး စိတ်မကြည်နေပေ။
အကြောင်းကတော့ ဟိုအစုတ်ပလုတ်ကော်ဖီဆိုင်ကို
လက်သပ်မွေးထားတဲ့ လူမိုက်တွေလွှတ်ပြီး ဖျက်ဆီးခိုင်းကာမှ သူလွှတ်လိုက်တဲ့လူမိုက်တွေက သူများဝိုင်းရိုက်တာခံလာကြရသတဲ့။ အခုအကုန်လုံး ဆေးရုံမှာ။အကွက်ကြိုမြင်သည့် တိမ်ယံရှင်းက ဆိုင်ပိတ်ပြီး အိမ်ပြန်သည်နှင့် သူ့လူယုံ ခြောက်ယောက်အားလှမ်းခေါ်ကာ ဆိုင်တွင် အစောင့်ထားခဲ့ခြင်းပင်။
(A-တခြားတော့မဟုတ်ဘူး ကျော်ကြီးတို့စကွက်😂)"ကိုကိုရေ ဖုန်းချည်းပဲပြောမနေနဲ့ကွာ၊ ဘေဘီ့ကို အဖော်လုပ်ပေးမယ်ဆို"
"ဆောရီး ဘေဘီလေးရာ၊ ကိစ္စလေးနည်းနည်းရှိနေလို့"
နေမင်းသန့်စင်ကား ကောင်မလေးတစ်ယောက်နှင့် စျေးဝယ်ထွက်နေခြင်းပင်။ ထိုကောင်မလေးအား အပျော်တွဲရုံသပ်သပ်သာဖြစ်ပြီး ထိုကောင်မလေးကလည်း စျေးကြီးသည့် အဝတ်အစားနှင့်အသုံးအဆောင်များကို အတင်းပူဆာ၏။
ကောင်မလေး၏ ဘေးတွင် အီစီကလီလုပ်နေစဥ် ကော်ဖီဆိုင်က အစုတ်ပလုတ်ကောင်အား လှမ်းမြင်လိုက်ရသည်။ ထိုအကောင်ကတော့ သူ့ကိုမြင်ပုံမပေါ်။
သူတို့နားက ဖြတ်အလျှောက်တွင် နေမင်းသန့်စင်က အရှေ့မှ ခြေထိုးခံလိုက်သဖြင့် တိမ်ယံရှင်းခမျာ ကြမ်းခင်းနဲ့မျက်နှာမိတ်ဆက်ရတော့မလိုပင်ဖြစ်သွား၏။ ဘေးက သူရဇ္ဇအချိန်မီလှမ်းထိန်းပေး လိုက်တာမို့ လဲကျမသွား။
စိတ်ဆိုးမာန်ဆိုးနှင့် ရန်တွေ့ရန်ခေါင်းမော့လိုက်ပေမယ့် နေမင်းသန့်စင်၏ ကျေနပ်ပြုံးကြီးကိုမြင်ကာ တိမ်ယံရှင်းခေါင်းထဲ အကြံတစ်ခုဖြတ်ပြေးသွား၏။
နေမင်းသန့်စင်က ခနဲ့သလိုဖြင့် သူ့အားအရင်နှုတ်ဆက်လာသည်။"သြော် ဘယ်သူလဲမှတ်တယ် ကော်ဖီကောင်လေးပဲ"
တိမ်ယံရှင်းကလည်း ဝမ်းသာအားရမျက်နှာပေးဖြင့် နေမင်းသန့်စင်ဘေးက ကောင်မလေးကို သေချာကြည့်ကာ အနှစ်နှစ်အလလ ကွဲကွာနေခဲ့ရသည့် ဆွေမျိုးနှင့်ပြန်တွေ့ရသလို နှုတ်ဆက်လိုက်သည်။
![](https://img.wattpad.com/cover/320638615-288-k615781.jpg)
YOU ARE READING
This Coffee Tastes Like My Past [completed]
Paranormal"ကိုယ့်ရဲ့အရှင်" S2 "ကိုယ့်ရဲ့အရှင်" S2