Part-30

3.3K 349 20
                                    

[Unicode]
ဂျက် အိပ်ရာမှနိုးလာတော့ မရင်းနှီးသည့် အခန်းတစ်ခုထဲရောက်လို့နေ၏။
သူ့အားဖမ်းချုပ်ထားသည့် မြေအောက်ခန်းမဟုတ်တော့ပေ။

မျက်လုံးများက အခန်းထဲကိုစူးစမ်းကြည့်နေစဥ် ဟယ်ရီက ပန်းကန်လုံးတစ်လုံးအား ကိုင်လျက်ဝင်လာသည်။

"နိုးပြီလား"

"ငါဘယ်ရောက်နေတာလဲ"

"ငါ့အခန်း"

ဂျက်ပင်ဘာမှပြန်မမေးရသေးမီ ဟယ်ရီကပဲဆက်၍...

"ငါရှာတွေ့တဲ့အချိန် မင်းကကြမ်းပြင်ပေါ်မှာလဲနေတာ မျက်နှာကလည်း ဖြူဖျော့နေပြီ"

"အဲ့ဒါမင်းကြောင့်လေ၊ ဒီလောက်မှောင်ပိန်းနေတဲ့ အခန်းထဲမှာ တစ်ယောက်တည်းထားခဲ့ပြီးတော့"

"မင်းဒီလောက်ကြောက်တတ်မှန်း ငါမှမသိတာ၊ အခုထလာပြီး ဆန်ပြုတ်သောက်လိုက်"

"ဆေးတော့မခတ်ထား‌ဘူးမဟုတ်လား"

"ခတ်ထားတယ်"

ဂျက်လည်း ဘာမှအတွန့်တက်မနေတော့ဘဲ ဟယ်ရီကမ်းပေးလာသည့် ဆန်ပြုတ်ပန်းကန်အား လှမ်းယူလိုက်သည်။ ဆေးခတ်ထားတယ် ဟူသည့် စကားကိုတော့ ထိုသူ၏ ကန့်လန့်ပြောတတ်သည့် အကျင့်ကြောင့်  လစ်လျူရှုထားလိုက်သည်။
ခပ်နွေးနွေးကြက်သားဆန်ပြုတ်ကြောင့် သူ၏ဆာလောင်နေသောဗိုက်မှာ အတော်လေး အဆင်ပြေလာပြီဖြစ်သည်။

"ဒီဆန်ပြုတ်က မင်းလုပ်ထားတာလား"

"သေချာပေါက် မဟုတ်ဘူးပေါ့၊ စားလို့ပြီးရင် ဆေးသောက်ဦး၊ ပြီးရင် ငါနဲ့လိုက်ခဲ့၊ Bossကမင်းကိုတွေ့ချင်နေတယ်"

Bossဟူသည့်စကားလုံးကြောင့် ဂျက်အနည်းငယ်မျှ စဥ်းစားလိုက်သည်။

"အန်ဒရီလား ဘရေဒန်လား"

"ရောက်ရင်သိမှာပေါ့ အသေးလေးက စကားများလိုက်တာ"

"ငါ့နာမည် အသေးလေး မဟုတ်ဘူးလို့"

"ဟားဟား..."

Andreyအိမ်ကြီးက အခန်းများစွာဖြင့် ဖွဲ့စည်းထားသည်။ ဟယ်ရီ၏ အိပ်ခန်းရှိရာ အထပ်တွင် အခန်းပေါင်း6ခန်းရှိသည်။
အခုဟယ်ရီနှင့်သူက အပေါ်ထပ်သို့ တက်နေကြခြင်းဖြစ်သည်။

This Coffee Tastes Like My Past [completed]Donde viven las historias. Descúbrelo ahora