Part-6

4.2K 352 19
                                    

[Unicode]
လက်ထပ်ပွဲပြီးသည်နှင့် နေမင်းသန့်စင်လည်း ဝေဟင်လင်းထင်၏ အိမ်သို့သာလိုက်ခဲ့တော့၏။
လက်ထပ်ပွဲစသည့်အချိန်မှ အခုချိန်ထိ ဝေဟင်လင်းထင်ကို မကြည့်သလို စကားလည်းတစ်ခွန်းမှမပြော။

လူချမ်းသာရပ်ကွက်ဖြစ်သည့်အလျောက် ခြံတွေက ကျယ်ဝန်းပြီး အိမ်များကလည်း အတော်အသင့် ခမ်းနားမှုရှိကြသည်ဟု မင်းသန့်တွေးမိလိုက်သည်။

သူအတွေးလွန်နေတုန်း လင်းထင်က ကားကို ခြံကြီးတစ်ခြံထဲသို့ မောင်းဝင်လိုက်၏။
ခြံထဲတွင် ပန်းအလှပင်များစွာဖြင့် မျက်စိပသာဒရှိလှသည်။

အိမ်ထဲဝင်သည့် အချိန်တွင် လင်းထင်က မင်းသန့်၏ အိတ်ကိုသယ်ပေး၏။

"ရပါတယ် ငါသယ်နိုင်တယ်"

လင်းထင်က ဘာမှပြန်မပြောဘဲ ပြုံးရုံသာ ပြုံးလိုက်သည်။ အိမ်ထဲတွင် သူနှင့်ဝေဟင်လင်းထင်နှစ်ယောက်သာရှိ၏။
ဘယ်သူ့ကိုမှမယုံကြည်တတ်သည့် ဝေဟင်လင်းထင်က အိမ်အကူလည်း မထားသလို ဂျက်မှလွဲ၍ ဘယ်သူ့ကိုမှ အိမ်ထဲမခေါ်ပေ။

ညနေစောင်းနေပြီဖြစ်တာမို့ အအေးပိုလာကာ အပြင်ဘက်တွင်လည်း အဝါရောင်လမ်းမီးရောင်အောက်တွင် နှင်းမှုန်တို့ဖြင့် မှုန်ဝါးဝါး။

ဝရံတာတွင်ထိုင်ကာ အပြင်ဘက်ကို ငေးကြည့်နေတုန်း မျက်နှာချင်းဆိုင်ခြံ အတွင်းသို့ လူငယ်စုံတွဲတစ်တွဲဝင်သွားသည်ကို မြင်လိုက်ရ၏။
အမျိုးသမီးလေးက ခါးထိရှည်သည့် လှိုင်းတွန့်သဏ္ဍာန် အညိုရောင်ဆံနွယ်များအား လှပစွာဖြန့်ချထားကာ မျက်လုံးများမှာလည်း စူးရှပြီး ထက်မြက်ပုံပေါ်သည်။

သူမ၏ဘေး‌တွင် ရှိနေသည့် အမျိုးသားမှာလည်း  ထိုအမျိုးသမီးနှင့် လိုက်ဖက်လှစွာ။

ထိုစုံတွဲအားကြည့်ကာ မင်းသန့် သက်ပြင်းချလိုက်မိသည်။
သူ့ရဲ့ဘဝလက်တွဲဖော်ကို အခုလို ထက်မြက်တဲ့ မိန်းမပျိုတစ်ယောက်ဖြစ်ရမယ်လို့ ရည်ရွယ်ထားပေမယ့် တကယ်တမ်းလက်ထပ်လိုက်ရတာက ယောကျ်ားတစ်ယောက်။
----------------------------------------------------------
နန္ဒနှင့်ရူပါ အိမ်ထဲသို့ဝင်လိုက်လျှင် ဧည့်ခန်းထဲတွင် အိပ်ပျော်နေသည့် တိမ်ယံရှင်းကို တွေ့လေ၏။
ညနေဘက်ကြီးကို ဘယ်လိုအိပ်ပျော်နိုင်သလဲမသိ။
သူတို့ဝင်လာတာကို မသိတဲ့အထိ အတော်လေး နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေရှာ၏။

This Coffee Tastes Like My Past [completed]Where stories live. Discover now