[Unicode]
သူရဇ္ဇနှင့်တိမ်ယံရှင်း ခြံထဲရောက်ရောက်ချင်း ခြံ၏အတွင်းဘက်ဆုံးနေရာရှိ လူနေအိမ်သို့ သွားလိုက်သည်။ ပန်းနုရောင် နှစ်ထပ်တိုက်ကလေးအား ကြည့်ခြင်းအားဖြင့် အမျိုးသမီးတစ်ယောက်၏ စိတ်ကူးအကြံဥာဏ်ဟု မှန်းဆနိုင်၏။ဘေးပတ်ပတ်လည်တွင် စတော်ဘယ်ရီခင်း၊လိမ္မော်ခင်း၊ပန်းသီးပင်များနှင့် စပျစ်ပင်များ စိုက်ပျိုးထားပြီး ခြံ၏ အလယ်ဗဟိုတည့်တည့် တော်ရုံလူမမြင်နိုင်သည့်နေရာတွင် အိမ်ဆောက်ထားခြင်းပင်။ ထိုသို့ လျှို့ဝှက်သော အိမ်ကလေးတွင် နက်နဲသည့် အကြောင်းကိစ္စများ ရှိနေလိမ့်မည်ဟု မည်သူမှတွေးမိကြမည်မဟုတ်။
သူတို့နှစ်ယောက် အိမ်တံခါးရှေ့ရပ်လိုက်သည်နှင့် အိမ်ထဲမှ ရူပါ၏ အသံအားကြားလိုက်ရသည်။
နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အိမ်ထဲဝင်လိုက်လျှင်ပဲ ဧည့်ခန်းတွင် ငြိမ်ငြိမ်လေးထိုင်နေသည့် နန္ဒနှင့် ဘေးကနေ ဆူပူနေသည့် ရူပါ။ လေထုထဲတွင်လည်း ချိုအီအီအနံ့လေးက ပျံ့လွင့်လို့နေ၏။"မမရူပါ"
"ဟယ် ရှင်းလေး လာလာ"
"ရော့ မမရူပါအတွက်"
"လှလိုက်တာ ကျေးဇူးပါ ရှင်းလေးရေ၊ အစ်ကိုကြီးရော ရှင်းလေးရော ခဏထိုင်ကြဦးနော်"
ရူပါက တိမ်ယံရှင်းပေးသည့် နှင်းဆီပန်းစည်းကို ယူကာ အပေါ်ထပ်သို့ တက်သွား၏။ သူ့အကျင့်အတိုင်း မှန်ဗီရိုထဲ သွားထည့်တော့မှာပေါ့။
သူရဇ္ဇက နန္ဒ၏ ကျောကိုလက်ဖြင့် ခပ်ဆတ်ဆတ်ကလေးပုတ်လိုက်ရင်း။
"ဘာလဲ ငါ့ညီ၊ အရက်ခိုးသောက်လို့ ရူပါလက်စာမိထားတာလား"
နန္ဒက ဘာမှပြန်မဖြေဘဲ ခေါင်းသာခါပြ၏။
တိမ်ယံရှင်း ဧည့်ခန်းရှိ ဆိုဖာတွင် ဝင်ထိုင်လိုက်ရင်း စားပွဲပေါ်ရှိ crystalကျောက်ပုံသဏ္ဍာန် ဖန်ပုလင်းလေးအား အာရုံရောက်သွားသည်။ ရူပါက အိမ်အပေါ်ထပ်မှ ပြန်ဆင်းလာပြီး နန္ဒအား စားတော့ ဝါးတော့မလိုကြည့်နေ၏။အခြေအနေကို ရိပ်စားမိသည့် သူရဇ္ဇက နန္ဒနှင့်ရူပါကြားရှိ အေးစက်စက်လေထုကို ဖြိုခွင်းလိုက်သည်။
![](https://img.wattpad.com/cover/320638615-288-k615781.jpg)
YOU ARE READING
This Coffee Tastes Like My Past [completed]
Paranormal"ကိုယ့်ရဲ့အရှင်" S2 "ကိုယ့်ရဲ့အရှင်" S2