Part-38

3.4K 345 14
                                    

[Unicode]
မင်းသန့်မျက်လုံးများပွင့်လာတော့ ရင်းနှီးနေသည့် မျက်နှာအားတွေ့လိုက်ရသည်။ ထိုသူကား တိမ်ယံရှင်းပင်။ တိမ်ယံရှင်းက သူ့အား ပြုံးကာ ကြည့်နေ၏။ လင်းထင်ကတော့ သတိမရလာသေးပေ။

"နိုးပြီလား"

မင်းသန့်မှာ လှဲနေရာမှ ဆတ်ကနဲထကာ မျက်ရည်များစီးကျလာ၏။

"ဟေ့ကောင် ဟေ့ကောင် ကလေးလည်းမဟုတ်ဘဲနဲ့၊ ဘာလို့လာငိုနေတာလဲ"

"ငါဝမ်းသာလွန်းလို့ပါကွာ"

ထိုစဥ် လင်းထင်လည်း သတိရလာကာ လှဲနေရာမှ ထထိုင်လာ၏။

"မင်းယောကျ်ားသတိရလာပြီ"

တိမ်ယံရှင်း၏ အသံကိုကြားမှ မင်းသန့်က ဘေးကိုလှည့်ကြည့်ကာ လင်းထင်၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။ ဘေးမှာ လူတစ်ယောက်လုံး ရှိနေသေးသည်ကိုလည်း ဂရုမစိုက်နိုင်တော့ပေ။
တိမ်ယံရှင်းကတော့ ခေါင်းကိုသာ အသာခါယမ်းကာ သူရဇ္ဇအားခေါ်ရန် အောက်ထပ်သို့ ဆင်းသွား၏။

"ကိုယ်အိပ်မက်အရှည်ကြီးတစ်ခုမက်ခဲ့တယ်"

"ငါရောပဲ"

နှစ်ယောက်သား ဘာစကားမှမဆိုဖြစ်ဘဲ တိတ်ဆိတ်သွားကြ၏။သူတို့၏စိတ်ထဲ ဘာတွေတွေးနေကြသလဲ သူတို့ကိုယ်တိုင်သာ သိလိမ့်မည်။  အတန်ကြာမှ မင်းသန့်ဆီက စကားသံထွက်လာခဲ့သည်။

"နှစ်ကုန်ရင် ငါတို့ကွာရှင်းမယ်လို့ ပြောထားတာလေ၊ အဲ့ဒါ အခုနှစ်ကုန်ခါနီးနေပြီ"

မထင်မှတ်ထားသည့်စကားကြောင့် လင်းထင် ခေတ္တမျှဆွံ့အသွားရသည်။

"ကိုယ်ကမင်းမေ့သွားပြီထင်နေတာ၊ အချစ်ကလေး...ကိုယ်မင်းဒင်လေ၊ မင်းရဲ့ဘဝဟောင်းက ချစ်သူလေ၊ တကယ်ကြီး ကွာရှင်းဖို့တွေးနေတာလား"

မင်းသန့်က ရှုပ်ထွေးနေသော မျက်လုံးများဖြင့် လင်းထင်အားမော့ကြည့်လာ၏။

"ငါ့စကားကိုအရင်ဆုံးအောင် နားထောင်လေ"

"အိုး...ဆောရီး"

"အဲ့တုန်းကငါပြောခဲ့တဲ့ စကားတွေအကုန်ပြန်ရုတ်သိမ်းတယ်၊ ကွာရှင်းမယ် ဆိုတာကိုရောပဲ"

This Coffee Tastes Like My Past [completed]Where stories live. Discover now