[Unicode]
ဝေဟင်လင်းထင် တစ်ယောက် တည်းခိုဆောင်ရှေ့တွင် ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်ဖြင့် ပျာယာခတ်နေ၏။
အကြောင်းကတော့ နေမင်းသန့်စင် ပျောက်သွား၍ဖြစ်သည်။
ဖုန်းဆက်လည်း မကိုင်တော့ သူ့မှာစိုးရိမ်လာရသည်။ထိုစဥ် အပြင်မှပြန်လာသည့် သူရဇ္ဇနှင့် တိမ်ယံရှင်းကို တွေ့တော့ မေးမိသည်။
"နေနေ့ကိုတွေ့မိကြသေးလား"
"မတွေ့ဘူးဗျ၊ ခုနလေးကတင် ခင်ဗျားနဲ့အတူ ရှိနေတာမဟုတ်ဘူးလား"
တိမ်ယံရှင်း ပြောနေရင်းနှင့် နေ့လယ်က နေမင်းသန့်စင်ပြောခဲ့သည့် အကြောင်းအရာများအား သတိရသွားသည်။
လျင်မြန်စွာပင် အိတ်ကပ်ထဲမှ တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်ပြီး ဝေဟင်လင်းထင်အား ကမ်းပေးလိုက်၏။"နေ့လယ်ကပြောတာတော့ ဒီလိပ်စာထဲက နေရာကိုသွားမယ်တဲ့"
ဝေဟင်လင်းထင်မှာ ပျာပျာသလဲဖြင့် နေမင်းသန့်စင် နောက်ကိုလိုက်ရန် ပြင်တော့၏။
"အဲ့ဒါဆို သွားလိုက်ဦးမယ်၊ ကျေးဇူး ညီလေး"
ညီလေးဟူသည့် အသုံးနှုန်းကြောင့် တိမ်ယံရှင်း မျက်နှာမည်းမှောင်သွားသော်ငြား နေမင်းသန့်စင်အား အချွန်နှင့်မ,လိုက်ရပြီမို့ ချက်ချင်းပြန်ပျော်ရွှင်လာ၏။
သူ့ကိုလူကြားသူကြားအရှက်ခွဲတဲ့ ဒီကောင့်ကို ပြန်လည်ပေးဆပ်ခိုင်းရမည်။"ဟားဟားဟား..."
စိတ်လိုလက်ရအော်ရယ်လိုက်ပြီးမှ ဘေးမှာ သူရဇ္ဇရှိနေသေးသည်ကို သတိရတော့၏။
ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြပြီးနောက်မှာတော့ သူ့တစ်ကိုယ်လုံး သူရဇ္ဇရင်ခွင်ကျယ်ကြီးထဲ ထွေးပွေ့ခြင်းကို ခံလိုက်ရသည်။"လိမ္မာတဲ့ကလေးလေးကို ဆုချရမယ်၊ ရှင်းရှင်းလေးပြောတာ ဘာမဆို ကိုယ်ဖြည့်ဆည်းပေးမယ်"
"ဟဲဟဲ ရေခဲမုန့်"
"အိုကေဗျာ၊ အများကြီးတော့မစားရဘူးနော် ချောင်းဆိုးလိမ့်မယ်"
"သိပါတယ်ဗျ၊လာ မြန်မြန်သွားရအောင်"
တိမ်ယံရှင်းက သူရဇ္ဇလက်အား ဆွဲကာ တက်ကြွနေသော ခြေလှမ်းများဖြင့် ဦးဆောင်သွားလေ၏။ သူရဇ္ဇမှာတော့
ထိုအအိပ်မက်၊အစားမက်ကလေးအား ကြည့်ကာ ပြုံးရင်း ခေါင်းကိုသာ အသာခါယမ်းမိတော့သည်။
![](https://img.wattpad.com/cover/320638615-288-k615781.jpg)
YOU ARE READING
This Coffee Tastes Like My Past [completed]
Paranormal"ကိုယ့်ရဲ့အရှင်" S2 "ကိုယ့်ရဲ့အရှင်" S2