Part-35

3.4K 335 17
                                    

[Unicode]
နှစ်ဦးသား အမည်မသိမြို့ကြီးတွင် တစ်စုံတစ်ယောက်အား သည်းကြီးမည်းကြီးရှာဖွေ နေကြ၏။ ပတ်ဝန်းကျင်မှ အမည်မသိ မြို့သူမြို့သား တို့မှာ သူတို့နှင့်မတူ ကွဲပြားခြားနားနေသည့် ထိုသူနှစ်ဦးအား တဖြည်းဖြည်း အာရုံစိုက်စပြုလာကြသည်။

မြို့သူမြို့သားတို့မှာ လူနှင့်အနီးစပ်ဆုံး ဆင်တူသော်ငြား လူဟုအမည်တပ်၍ သင့်ပါ့မလားပင် မသိပါချေ။ အများစုမှာ ဦးချိုများဖြင့်ဖြစ်ကာ အချို့က မျက်လုံးတစ်လုံးသာ ပါသည့်သူများလည်းရှိနေပြန်၏။

အမျိုးသားတို့မှာ အပေါ်ပိုင်းဗလာကျင်းလျက်၊ အမျိုးသမီးတို့မှာလည်း ကိုယ်ပေါ်၌ အဝတ်ပါသည် ဆိုရုံမျှသာ။

ထိုသူတို့က သူစိမ်းနှစ်ဦးအား အထူးအဆန်းသဖွယ် ကြည့်နေကြရာမှ တဖြည်းဖြည်း သူတို့အနားဝိုင်းအုံလာကြ၏။
ထိုသူတို့ နှုတ်မှထွက်သည့် ဘာသာစကားကလည်း လူတစ်ယောက်၏ ဦးနှောက်နှင့် နားလည်နိုင်ဖွယ်မရှိချေ။
ထိုသူတို့၏ အမူအယာကို ကြည့်ရသလောက်တော့ သူရဇ္ဇနှင့်တိမ်ယံရှင်းအား တီးတိုးအကဲဖြတ်နေပုံရသည်။

တိမ်ယံရှင်း၏ လက်ကောက်ဝတ်အား ဆုပ်ကိုင်ထားသည့် သူရဇ္ဇ၏ လက်ချောင်းများမှာ တင်းကျပ်သထက် တင်းကျပ်လာ၏။
ထိုနေရာမှ ဒေသခံများ၏ ပုံပန်းသဏ္ဍာန်များ၊ ပတ်ဝန်းကျင်ကအိမ်များ နှင့် လျှပ်စစ်မီးအစား မီးတုတ်များ အသုံးပြုထားသည်ကို ကြည့်ခြင်းအားဖြင့် မကောင်းဆိုးဝါးရွာကြီးတစ်ရွာ ကိုရောက်လာကြပြီမှန်း နှစ်ယောက်လုံး ရိပ်စားမိလိုက်ကြသည်။

သူတို့၏ရှေ့တွင် ရွာခံလူစုက များသထက် များလာပြီ ဖြစ်တာကြောင့် ရှေ့ဆက်သွား၍လည်း မရတော့ချေ။

ထိုသူများအားကြည့်ကာ တိမ်ယံရှင်းစိတ်လွတ်ထွက် မသွားအောင်ထိန်းနေရ၏။

'ဘာမှကြောက်စရာမရှိဘူး၊ ငါကအရှင်သခင်ပဲ၊ တိမ်ယံမင်းသျှင် ဆိုတာ နှစ်ယောက်မရှိတဲ့ ဝိညာဥ်အရှင်ပဲ´

မကောင်းဆိုးဝါးအုပ်စုမှာ တဖြည်းဖြည်း သူတို့အနားသို့ တိုးကပ်လာကာ ရန်ပြုမည့်ပုံပေါ်လာ၏။

This Coffee Tastes Like My Past [completed]Dove le storie prendono vita. Scoprilo ora