[Unicode]
"ဒါနဲ့နေပါဦး၊ မင်းတို့ဒီလိုမျိုး လူတွေကို ဒုက္ခပေးနေတာ မင်းတို့သခင်ကြီးရော သိရဲ့လား"သူရဇ္ဇ၏စကားကြောင့် နတ်ဆိုးလေးနှစ်ကောင်မှာ တောင့်ခဲသွားကာ ချက်ချင်းငြိမ်ကျသွား၏။
"ကြည့်ရသလောက်တော့ မသိဘူးထင်တယ်"
"သခင်ကြီးကိုပြန်မတိုင်ပါနဲ့ အူးဝါး၊ 'သွေးစက်လီလီ´ ပန်းပွင့်တဲ့နေရာ ငါတို့သိတယ်၊ မင်းတို့လူသားတွေက သွေးစက်လီလီ ကိုရှာနေကြတာ မဟုတ်လား၊ ငါမင်းတို့ကို ခေါ်သွားပေးမယ်လေ"
သွေးစက်လီလီ ဟူသည်မှာ ကျွန်း၏အတွင်းဘက်ဆုံး လူသူမသိမမြင်နိုင်သည့် နေရာတွင်သာ ပေါက်ရောက်လေ့ရှိပြီး ဖလော်ရန်ကျွန်း၏ အထင်ကရဖြစ်ဖွယ်နှင့် လူစိတ်ဝင်စားမှုအများဆုံးထဲ တစ်စိတ်တစ်ဒေသ ပါဝင်၏။ သစ်ခွပန်းနှင့်အနီးစပ်ဆုံးဆင်တူပြီး
လမိုက်ညအမှောင်ထဲတွင်မှ သွေးနီရောင်ပန်းပွင့်များ ပွင့်လေ့ရှိသည်။တိမ်ယံရှင်းက မျက်နှာသေဖြင့်သာ စိုက်ကြည့်နေတာမို့ နတ်ဆိုးလေး အကြပ်ရိုက်သွား၏။ ထို့နောက် သူက သနားစဖွယ်အသံလေးဖြင့်။
"သွေးစက်လီလီ ကိုရောင်းလိုက်ရင် ပိုက်ဆံတွေအများကြီးရမှာနော်"
"ငါပိုက်ဆံမလိုဘူး"
နတ်ဆိုးလေးနှစ်ကောင်မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အလွန်အမင်းအံ့အားသင့်သွားကြ၏။ ပိုက်ဆံမလိုတဲ့လူသားကို မြင်ဖူးတာ သူတို့သက်တမ်းမှာ ဒါပထမဆုံးအကြိမ်ဖြစ်သည်။
ဒီလူသားကောင်တွေက ထူးဆန်းလိုက်တာ...
"ဘာဖြစ်လို့လဲ"
"ငါ့မှာအပေါဆုံးက ပိုက်ဆံပဲ"
နတ်ဆိုးလေးနှစ်ကောင်က ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်စွာ ငေးကြည့်နေကြသည်မို့ ရုပ်တည်ဖြင့် ဆက်၍စနောက်နေလိုက်သည်။
"ဘာလဲ မယုံဘူးလား၊ ငါ့မှာရှိတဲ့ပိုက်ဆံနဲ့ ဒီကျွန်းတစ်ခုလုံးကိုရော၊ ဒီကျွန်းကိုပိုင်တဲ့ မင်းတို့သခင်ကြီးကိုရော ဝယ်လိုက်လို့ရတယ်"
သခင်ကြီးကိုဝယ်မယ်???
သခင်ကြီးကိုဝယ်မယ် ဟူသည့်စကားကသာ သူတို့ခေါင်းထဲပဲ့တင်ထပ်နေပြီး မျက်နှာများမှာလည်း ကြောက်လန့်မှုကြောင့် ဇီးရွက်လောက်သာ ကျန်တော့သည်။
![](https://img.wattpad.com/cover/320638615-288-k615781.jpg)
YOU ARE READING
This Coffee Tastes Like My Past [completed]
Paranormal"ကိုယ့်ရဲ့အရှင်" S2 "ကိုယ့်ရဲ့အရှင်" S2