[Unicode]
အိမ်ထဲရောက်သည်နှင့် လူတစ်ဦးက သူတို့အား ကျောပေးကာ မီးလင်းဖိုအား မျက်နှာမူလျက် ထိုင်နေ၏။ သူ၏လက်ထဲတွင် ဝိုင်တစ်ခွက်ကို ကိုင်ကာ လှည့်ပတ်ကစားနေသည်။ဘလက်ခ်နှင့်ချားကိုးလ်မှာ ထိုသူအားမြင်သည်နှင့် ငြိမ်ကျသွားကာ တိတ်ဆိတ်စွာရပ်နေ၏။
အိမ်ထဲရှိအပူချိန်သည် အပြင်ကအပူချိန်ထက် သိသိသာသာ လျော့နည်းနေသည်ကို သတိပြုမိလိုက်ကြသည်။အိမ်ကိုလည်း ရှေးကျသည့်အနောက်တိုင်းလက်ရာ အပြင်အဆင်များဖြင့် ခမ်းနားစွာအလှဆင်ထားပေသည်။
ကျောပေးထားသည့်သူက ဝိုင်ခွက်အား စားပွဲတွင်တင်ကာ သူတို့ဘက်သို့လှည့်လာလေသည်။
ထိုသူက ဘလက်ခ်နှင့်ချားကိုးလ်အား တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာပြုံးကာ။
"ထိုင်ကြလေ"
"ခင်ဗျားရဲ့အစေအပါးတွေကို လူတွေရဲ့ပတ်ဝန်းကျင်မှာ ဒီလိုပဲ လွှတ်ထားနေကျလား"
"ဒီကိစ္စကိုဖြည်းဖြည်းပြောကြတာပေါ့"
ထိုသူက သူရဇ္ဇနှင့် တိမ်ယံရှင်းအား ဝိုင်တစ်ခွက်စီ ငှဲ့ပေးလာ၏။
"ဆောရီး ကျွန်တော်တို့မှာသောက်ဖို့အချိန်မရှိဘူး"
ထိုသူက မျက်ခုံးများကိုပင့်လိုက်ကာ တိမ်ယံရှင်း၏စကားအား အရေးမထားဟန်ဖြင့်။
"ကိုယ့်ကို လူစီဖာ လို့ခေါ်တယ်၊ ဘေဘီ"
ဘေဘီ ဟူသည့်အသုံးအနှုန်းကြောင့် သူရဇ္ဇမျက်နှာ ချဥ်တူးသွားကာ မျက်လုံးထဲ၌ အနီရောင်အလင်းတန်းများ ဖြတ်ပြေးသွား၏။
တိမ်ယံရှင်းက သူရဇ္ဇအနားကပ်ကာ လေသံခပ်တိုးတိုးဖြင့်။"ခင်ဗျားအဆင်ပြေရဲ့လား"
"ပြေပါတယ်"
လက်နည်းနည်းယားရုံလေးပါပဲ...!!
တိမ်ယံရှင်းမှာ သူရဇ္ဇအား သတိကြီးကြီးထားနေဟန် ဖြင့်သာကြည့်ကာ ဘာစကားမှထပ်ဆိုမလာတော့ချေ။
"ဆိုတော့ ဘေဘီက ကိုယ့်ကိုလာရှာတာ ဒီကောင်တွေကိစ္စပြောဖို့ပေါ့"

ESTÁS LEYENDO
This Coffee Tastes Like My Past [completed]
Paranormal"ကိုယ့်ရဲ့အရှင်" S2 "ကိုယ့်ရဲ့အရှင်" S2