[Unicode]
ဝေဟင်လင်းထင် ကုမ္ပဏီကိုရောက်သည်နှင့် ဂျက်ကသူ့ရုံးခန်းထဲတွင်ထိုင်နေ၏။ ပုံမှန်ဆို ကုမ္ပဏီသိပ်လာလေ့မရှိသည့် ဂျက်ကိုမြင်လိုက်ရသည်မို့ နည်းနည်းတော့ အံ့သြမိသွားသည်။"အန်ကယ် အကြောင်းတစ်ခုခုရှိလို့လား"
ဂျက်က တည်ကြည်လေးနက်နေသော မျက်နှာဖြင့် သူ့ကိုကြည့်လိုက်ရင်း။
"ထောက်လှမ်းဖို့လွှတ်ထားတဲ့ ငါတို့လူတွေအသတ်ခံလိုက်ရတယ်"
"ဘာ"
ဂျက်မှာ သူ၏မျက်နှာအား လက်ဖဝါးဖြင့် ပွတ်သပ်လိုက်ပြီး စိတ်ရှုပ်စွာဖြင့် ပြောလာခဲ့သည်။
"အဲ့ဒါကြောင့် အစောကြီးတည်းကပြောတယ်၊ ဒီကောင်တွေကိုသွားမစပါနဲ့ဆိုတာ"
"အရမ်းကြီးမစိုးရိမ်ပါနဲ့ ကျွန်တော်ကြည့်စီစဥ်ပါ့မယ်"
"အချိန်သိပ်မဆွဲနဲ့တော့ ဟိုဘက်ကလက်ဦးသွားရင် မင်းရဲ့ကုမ္ပဏီကိုပါ အမြစ်ကနေဆွဲလှန်သွားလိမ့်မယ်"
"အန်ကယ့်ကိုကြည့်ရတာ သူတို့ကိုလျှော့မတွက်ထားတဲ့ပုံပဲ"
"ဒီမှာကောင်လေး၊ Andreyကို ဘာထင်နေလို့လဲ၊ မင်းတို့ငါတို့တောင်မယှဥ်နိုင်တဲ့ အဖွဲ့တွေကို သုံးနှစ်တည်းနဲ့ရိုက်ချသွားတဲ့ကောင်တွေကို မင်းကအထင်သေးနေတာလား၊ ပြီးတော့ အန်ဒရီနဲ့ဘရေဒန်ရဲ့မျက်နှာကို ဘယ်သူမှ သေချာမြင်ဖူးကြတာမဟုတ်ဘူး၊ မင်းရှေ့မှာလာထိုင်နေရင်တောင် သိချင်မှသိလိမ့်မယ်၊ အဲ့တော့ ပိုသတိထားတာမကောင်းဘူးလား"
"အင်း ကျွန်တော်နားလည်ပြီ"
ဝေဟင်လင်းထင်က လွန်ခဲ့သည့်နှစ်က မိဘနှစ်ပါးသေဆုံးရာနေရာတွင် သဲလွန်စအဖြစ် ကျန်နေခဲ့သည့် Andreyအမှတ်အသား မျက်နှာဖုံးအား ပြန်မြင်ယောင်လာကာ လက်သီးကိုတင်းနေအောင်ဆုပ်လိုက်မိသည်။
Andrey၏ခေါင်းဆောင်နှစ်ယောက်မှာ အသွင်မတူသည့် မျက်နှာဖုံးအား ဝတ်ဆင်လေ့ရှိကာ သူတို့၏ သရုပ်မှန်ကို ဖုံးကွယ်ထားကြသည်။
သူ၏မိဘများသေဆုံးသည့်နေရာတွင် ကျန်နေခဲ့သည့်မျက်နှာဖုံးမှာ ဘရေဒန် ၏မျက်နှာဖုံး မှန်းသူကောင်းစွာ မှတ်မိနေ၏။
----------------------------------------------------------
"ရှင်းငယ် ထ ထ၊ သင်္ဘောဆိပ်ရောက်ပြီ တစ်လမ်းလုံးကိုအိပ်နေတော့တာပဲ"
YOU ARE READING
This Coffee Tastes Like My Past [completed]
Paranormal"ကိုယ့်ရဲ့အရှင်" S2 "ကိုယ့်ရဲ့အရှင်" S2