"ဂျောင်ဆူး မင်းအဲ့မှာ ဘာထိုင်လုပ်နေတာလဲ ဟိုမှာ မင်းအဖေ မူးလဲလို့တဲ့ "
"ဟင် !" ဂျောင်ဆူး အိမ်ကိုပြေးနေမိတယ် သူခနလေး ကစားကွင်းမှာ မနေ့ကကိုကြီးနဲ့တွေ့ဖို့ပြောထားလို့ ခနထိုင်တုန်းရှိသေးတယ် ဖေဖေက ဘာလို့လဲ
"ဂျောင်ဆူး ခနစောင့် ငါလဲ လိုက်မယ် "
At hospital
"ဘတ်ခ်ဟျွန်း ငါဖေဖေ ဘာမှ မဖစ်လောက်ဘူးမလားဟင် ဒီတိုင်း ဒီတိုင်း ပင်ပန်းလို့ဖစ်မှာပါနော် အီး ဟီး ..."
"ငါလဲ သိဘူးလေကွာ "
"သားဖေဖေက ဘာမှ မဖစ်လောက်ဘူး။ စိတ်ကို အေးအေးထားနော် "
"အေးလေ ဂျောင်ဆူးကလဲ ငါ့ပါးပါး ပြောတာကို ယုံလိုက်"
"အင်း ..."
Do Soo Man လူနာရှင်ရှိလား
"ဟုတ်ကဲ့ ရှိပါတယ် "
"ဆရာဝန်ကြီးက တွေ့ချင်လို့လဲ ခနလောက်လိုက်ခဲ့ပေးပါ"
"ဟုတ်ကဲ့ ..." သားတို့ နှစ်ယောက်ဒီမှာ ခနနေခဲ့အုံးနော် ပါး ဆရာဝန်နဲ့သွားတွေ့လိုက်အုံးမယ် "
"ဟုတ် .."
လူနာရှင်က အဆုတ်ကင်ဆာ နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ ခုတော့ တတ်နိုင်သလောက်ကုသထားပေမဲ့ ကင်ဆာဆဲလ်တွေက တော်တော်ကို ပြန့်နေပြီ လူနာရှင်ကိုယ်တိုင်လဲ သတိမထားမိဘူးထင်တယ် လူနာနောက်ဆုံးအခြေနေဆိုတော့ သူစိတ်ချမ်းသာအောင်ထားပေးပါ ခုတွေ့ချင်ရင်တော့ ဝင်တွေ့လို့ရပါပြီ
ဆရာဝန်စကားကို ကြားပြီး အရင်ဆုံးပြေးမြင်မိတာ ဂျောင်ဆူးလေးဘဲ ကလေးက အရမ်းငယ်သေးတယ် မွေးကတည်းက အမေကို ဆုံးရှုံးလိုက်ရပြီး ခုလဲ အဖေကို ထပ်ပြီးဆုံးရှုံးရမယ်ဆိုရင်တော့ ဂျောင်ဆူးလေးတွက် တကယ် ရင်မောမိတယ်
"ဦး ဖေဖေက ဘာဖစ်တာတဲ့လဲဟင် "
"အာ ဘာမှ မဖစ်ပါဘူး လာသားဖေဖေကို သွားတွေ့လို့ရပြီ"
"ဟုတ် "
"ဖေဖေ သက်သာသွားပြီလားဟင် သားသားက စိုးရိမ်နေရတာ "
"ဖေဖေသက်သာပါတယ် သားသားမုန့်စားမလား ဒီဆေးရုံရဲ့ အောက်ထပ်မှာ မုန့်ဝယ်လို့ရတယ် သားသားစားချင်လား"
YOU ARE READING
Love Is Gone
Fanfiction" အတိတ်မှာ ဖြစ်ခဲ့တာတွကို စိတ်ထဲမထားဘဲ ကိုယ့်ပေးမယ့် အချစ်တွေကိုသာ နောင်တမရဘဲ ခံယူပေးပါ ရှေ့ဆက်လျှောက်မယ့် မင်းဘဝလေးကို တာဝန်ယူပါရစေ " Kim Jongin " အတိတ်ဆိုတဲ့အကြောင်းအရာတွေက ကျွန်တော်အတွက် နာကျင်ရတာထက်ပိုတယ် အဲ့ဒါတွေကို စွန့်လွှတ်ပြီး Kim နောက်လ...