" အိမ်တော်ထိန်း ဒီနေ့ည ရှယ်ယာရှင်ဂုဏ်ပြုပွဲလေးလုပ်မလို့ စားပွဲလေးစီစဉ်ထားပေးနော် အကူအနေနဲ့ ဒိုဂျောင်ဆူးကို ခိုင်းလိုက်နော်"
"ဟုတ်ကဲ့ အကုန်စီစဉ်ထားလိုက်ပါ့မယ်"
"ဒေါ်ကြီး တီတီက ဘာတွေ ပြောနေတာလဲ"
"အော် ညကျ အိမ်မှာ ပွဲရှိလို့ အစားသောက်တွေ ပြင်ဆင်ပေးဖို့ပြောနေတာ "
"အော် ဒါဆို သားဘာကူညီရမလဲ "
"သားက အချိုပွဲအတွက် ဒီအသီးလေးတွေ ရေဆေးပြီး လှီးထားပေး ကျန်တာ ဒေါ်ကြီးလုပ်လိုက်မယ် "
"ဟုတ်"
.....
"သား ပြီးသွားပြီ ဘာလုပ်ပေးရအုံးမလဲ "
"ခြံထဲမှာ လုပ်မှာဆိုတော့ ခြံထဲ သန့်ရှင်းရေး လုပ်ပြီး ခုံတွေ သွားချရအောင် ဒေါ်ကြီးလဲ ချက်လို့ပြီးပြီဆိုတော့ တူတူလုပ်ကြမယ် လာ"
"ဟုတ် ဒါနဲ့ ဘာပွဲလုပ်မှာလဲ တီတီလေး မွေးနေ့လဲ မဟုတ်ဘဲနဲ့"
"ရှယ်ယာရှင် ဂုဏ်ပြုပွဲဆိုလားဘဲ လာပါသားရယ် ပြင်ဆင်ပေးရမှာ ဒေါ်ကြီးတို့ တာဝန်ဘဲ "
"ဟုတ်ကဲ့"
~~~~~~
"Chanyeol hyung စောင့်နေတာ ကြာသွားပြီလားဟင် နောက်ဆုံးချိန်မှာ ဆရာမက စာအုပ်စစ်နေလို့ "
"မကြာသေးပါဘူးဗျာ ဒါနဲ့ ဒီနေ့ ဂျောင်ဆူးကို မတွေ့ပါလား"
"ဟုတ်တယ် ဒီနေ့ သူလုပ်စရာရှိလို့ မလာတာလို့တော့ ပြောတယ် ဂျောင်ဆူးကိုတောင် လွမ်းသွားပြီ"
"အကို့ကိုကျ မလွမ်းဘူးပေါ့"
"လွမ်းတာပေါ့ နေ့တိုင်းတွေ့နေရတာတောင်လွမ်းတယ် ဟီး"
"အတတ်ကလေး အဲ့အပြောလေးတွေကိုဘဲ ဒီကချစ်နေရတာ "
"အော ပြောစရာရှိသေးတယ် ဆေးပေးခန်းက ဆရာဝန်မနဲ့ ဘာတွေများပြောနေလို့ တဟီးဟီး တဟားဟားဖစ်နေရတာလဲ"
"အော် ကလေးသိနေတာလား"
"သိတာပေါ့ ကျွန်တော်ဘေးကနေ ဖြတ်သွားတာတောင် မမြင်နိုင်ဘူးလေ"

YOU ARE READING
Love Is Gone
Fanfiction" အတိတ်မှာ ဖြစ်ခဲ့တာတွကို စိတ်ထဲမထားဘဲ ကိုယ့်ပေးမယ့် အချစ်တွေကိုသာ နောင်တမရဘဲ ခံယူပေးပါ ရှေ့ဆက်လျှောက်မယ့် မင်းဘဝလေးကို တာဝန်ယူပါရစေ " Kim Jongin " အတိတ်ဆိုတဲ့အကြောင်းအရာတွေက ကျွန်တော်အတွက် နာကျင်ရတာထက်ပိုတယ် အဲ့ဒါတွေကို စွန့်လွှတ်ပြီး Kim နောက်လ...