18

140 17 1
                                    

☘️အချစ်ဆိုတဲ့ အရာကို ပညာရှင်တွေက လှပမှုတွေနဲ့တင်စားသတ်မှတ်ကြတယ် ဒါပေမဲ့ ကိုယ်ခံစားခဲ့ရတဲ့ အချစ်က နာကျင်စရာတွေပါ ☘️

"ဒီမှာ မင်းလုပ်အားခ ဒီရက်ပိုင်း မင်းကို သူ့တို့နီးရာမှ မတွေ့ချင်ဘူး ဒါနဲ့ ဒီကိစ္စကို ဘယ်သူမှ မသိစေနဲ့ သတိထား"

"ဟုတ်ကဲ့ပါ ဆရာ ဒါဆို ကျွန်မကိုခွင့်ပြုပါအုံး"

‌နောက်ဆုံးတော့ သူ့ရဲ့ ချစ်ရသူလေးဟာ သူ့လက်ထဲမှာ ရှိနေပြီ ။ သူအတွက် ဂျောင်ဆူးဟာ ပထမဆုံးနဲ့ နောက်ဆုံးအချစ်ဘဲ ။ဒါကြောင့် သူတပည့်မကို ခိုင်းပြီး သူ‌‌ေလးရဲ့ပိုင်ရှင်ဆီကလုယူခဲ့တယ်။ ဒီအတွက်လဲ သူအရာအားလုံးကို ရင်ဆိုင်နိုင်တယ် ။နောင်တရမှာ မဟုတ်ဘူး။ အဓိကက ဂျောင်ဆူးလေးက သူ့ဘက်ရှိနေဖို့ဘဲ

~~~~~~

ဂျောင်ဆူးလေး ပျောက်သွားကတည်းက နေ့နေ့ညညကို အရက်ဘဲ သောက်နေတဲ့ သူ့သားကို ကြာလာတော့ စိတ်ပူလာသည် အနည်းဆုံး သူ့စိတ်လေးသက်သာအောင် ပြောပေးနိုင်တဲ့သူငယ်ချင်းကို ကူညီတောင်းရတာပေါ့

"အေး ဟုတ်တယ် သားရယ် သားသူငယ်ချင်းကိုလာပြီး ဖျောင်းဖြပေးပါအုံး"

"အေးပါကွယ် ကျေးဇူးပါ‌ သားရယ်"

~~~~~~

" အန်တီ "

" သား Chanyeol လာ လာ ဝင်ခဲ့ ။ သားသူငယ်ချင်းကို ပြောပါအုံးကွယ် ။ ဒီအရက်တွေဘဲ သောက်နေတာ အန်တီပြောလို့လဲ မရပါဘူးကွယ် ။ ဒီလိုဘဲ ဆက်လုပ်နေမယ်ဆိုရင် ဒီကောင်လေး လဲတော့မှာ။"

"သားပြောကြည့်ပါ့မယ် အန်တီ။ ဒီကောင်ကြီးက ဂျောင်ဆူးလေးကို တော်တော််ချစ်ရှာတာ"

"သားဂျောင်ဆူးလေးကိုအမြန်တွေ့ပါစေလို့ဆုတောင်းရမှာဘဲ"

"ဒါဆို ကျွန်တော် အခန်းထဲဝင်သွားလိုက်မယ်နော်"

"အေး အေး သား"

သူအခန်းထဲရောက်တော့ ပထမဆုံးတွေ့လိုက်ရတာက ဂျောင်ဆူးပုံလေးကို ရင်ဝယ်ပိုက်ကာ အိပ်နေတဲ့ သူငယ်ချင်းကိုပင်။ သောက်ထားတာတွေရော အမှိုက်တွေရောနဲ့ရှုပ်ရှက်ခက်နေတာဘဲ ။ သူ့သူငယ်ချင်းကို ဒီလိုပုံစံကို မြင်ရတာ ဒါပထမဆုံးပင်။

Love Is GoneWhere stories live. Discover now