ဒီနေ့ ဂျောင်ဆူးတို့ အလယ်တန်းစတက်ရမယ့်နေ့လေ ဖေဖေက ဟိုတခါဆေးရုံဆင်းပြီးထဲက ခနခနထပ်ပြီး နေမကောင်းဖစ်တယ် အဲ့လိုဖစ်နေရင် ဂျောင်ဆူးမှာ ဖေဖေလက်လေးကိုင်ပြီး ငိုနေရုံမှ လွှဲပြီး ဘာမှ မလုပ်ပေးနိုင်ဘူး ဖေဖေကတော့ အဆင်ပြေတယ် စိတ်မပူနဲ့ ခနနေ ပြန်ကောင်းသွားမှာပါလို့ ပြောပေမဲ့ ဂျောင်ဆူး စိတ်ပူတယ် ဂျောင်ဆူးမှာ မေမေမရှိတော့ဘူးလေ
ဘတ်ခ်ဟျွန်းတို့ မိသားစုကို အရမ်းအားကျတယ် မေမေ ဖေဖေအစုံအလင်နဲ့ နေရတာ သူဘယ်လောက်ကံကောင်းလိုက်လဲ ...
"သား ဂျောင်ဆူးလေး အဟွတ် အဟွတ် ဆင်းလာခဲ့တော့လေ ဒီမှာ ဘတ်ခ်ဟျွန်းလေး ရောက်နေပြီ ကျောင်းတူတူသွားကြမှာဆို"
"ဟုတ် ဖေဖေ လာပါပြီ"
" သား သူငယ်ချင်းတွေနဲ့ တည့်အောင်နေရမယ်နော် ဆရာမစကားလဲ နားထောင်ရမယ် နော် "
"ဟုတ်ကဲ့ပါ သားသိပါတယ် အဲ့ဆို သားသွားတော့မယ်နော် "
.......
"ဂျောင်ဆူး ဟိုနေ့က ငါလမ်းထိပ်က ကစားကွင်းရောက်ခဲ့တယ် သိလား"
"အဲ့တော့ ဘာဖစ်လို့လဲ "
"အဲ့မှာလေ ငါတို့ ထိုင်နေကြ ခုံမှာ စာရေးထားတာတွေ့ခဲ့တယ်သိလား"
"ဘာစာတွေ ရေးထားလို့တုန်း"
"အသေးလေးကို ပြန်လာရှာမယ်ဆိုလားဘဲ Kimတဲ့ ငါလဲ မမှတ်မိတော့ဘူး"
"ဟင် အသေးလေး Kim .."
ဟိုကိုကြီးလား မသိဘူး ညနေပြန်မှ သွားကြည့်ရမယ် ဟိ ဟိ..At School
" ဂျောင်ဆူး ဒီနားမှာ မင်းနဲ့ တူတူထိုင်မယ်နော်"
"အင်း ငါပြတင်းပေါက်နားမှာထိုင်မယ် မင်းအထဲဝင်လိုက်နော်"
"အင်း ဟိုမှာ တီချယ်လာပြီ"
"ကဲ အားလုံးဘဲ မင်္ဂလာပါ တီချယ်ကတော့ အတန်းပိုင်ဆရာမ ဂင်ယူရီပါ ဒီနေ့ ကလေးတို့ကို သင်ကြားပေးမဲ့အကြောင်းရာကတော့ $#@###$#@&"
~~~~~~~~
"ဖေဖေ သားပြန်လာပါပြီ"
"ခနနားပြီး သား ရေမိုးချိုးတော့လေ"

YOU ARE READING
Love Is Gone
Fanfiction" အတိတ်မှာ ဖြစ်ခဲ့တာတွကို စိတ်ထဲမထားဘဲ ကိုယ့်ပေးမယ့် အချစ်တွေကိုသာ နောင်တမရဘဲ ခံယူပေးပါ ရှေ့ဆက်လျှောက်မယ့် မင်းဘဝလေးကို တာဝန်ယူပါရစေ " Kim Jongin " အတိတ်ဆိုတဲ့အကြောင်းအရာတွေက ကျွန်တော်အတွက် နာကျင်ရတာထက်ပိုတယ် အဲ့ဒါတွေကို စွန့်လွှတ်ပြီး Kim နောက်လ...