နောက်တနေ့ မနက်အိပ်ယာနိုးတော့ ခါးအောက်ပိုင်းက တဆစ်ဆစ်နဲ့ နာကျင်လှသည်။ ဒါပေမဲ့လည်း အချစ်ကြောင့်ရခဲ့တဲ့ ဒီနာကျင်မှုကို သူနှစ်သက်မြတ်နိုး၏။ ဘေးဘီကို ကြည့်မိတော့ သူ့ကို အနွေးဓာတ်ပေးမည့် ရင်ခွင် ကျယ်ကျယ်က ရှိမနေ။ အကြောင်းမဲ့သက်သက် စိတ်တွေက အလိုလိုဝမ်းနည်းမိလာသည်
"ဟင် အသေးလေး နိုးလာပြီလား ကိုယ်အသေးလေးနိုးလာရင် စားဖို့ နွားနို့လေးနဲ့ ပေါင်မုန့်ကြော်လေး လုပ်လာခဲ့တယ် ပြီးရင် ဆေးသောက်ရမယ်နော် ။ နာနေမှာဆိုးလို့ ။ခုထ မျက်နှာသွားသစ်လိုက်အုံး"
Kim က တကယ်ကောင်းတဲ့ ယောင်္ကျားတစ်ယောက်ဘဲ ။ဒါကို ဘာလို့ စိတ်အားငယ်နေရတာလဲ ။Kimက သူ့ကို သိပ်ချစ်တဲ့ဟာကို
"အင်း နာတော့ နာသေးတယ် ဒါပေမဲ့ ကျွန်တော် အဆင်ပြေပါတယ်"လို့ပြောပြီး
ကုတင်ပေါ်ကနေ ခြေထောက်လေးချကာ ရေချိုးခန်းဆီ ခြေအလှမ်း
"အ! " နာကျင်လွန်းလို့ အသံထွက်မိသည့်အထိ။ သူအသံကြားတာနဲ့ အနားကို ချက်ချင်းဆိုသလို ရောက်လာတဲ့ Kim
"မဖစ်ပါဘူး လာ ကိုယ်ချီမယ် သေချာဖက်ထား ။ ဝက်ကလေးတောင် ဖစ်နေပြီဘဲ ခန္တာကိုယ်က တော်တော်လေး လေးလာတယ်"
"လေးနေလို့လား ဒါဆို ကျွန်တော်ဘာသာ လမ်းလျှောက်ပါ့မယ် Kim ပင်ပန်းနေလိမ့်မယ်"
" ကိုယ်ဒီလောက်တော့ အားရှိတယ်ဆိုတာ အသေးလေးသိတယ်မလား ညကဆို ခနခန"
"Kim ! ဘာတွေ ပြောေနတာလဲ မျက်နှာသစ်ပေးတော့"
မျက်နှာပေါ်ကို ညင်သာစွာ ကျရောက်လာသော လက်တစုံ ။ တကယ်ကို ညင်ညင်သာသာလေး ထိတွေ့ကာ သူ့ကို မျက်နှာသစ်ပေးနေတဲ့ Kim ဟာ သူ့ကို ဘယ်လောက်အထိ ချစ်မြတ်နိုးလဲ ဆိုတာ သိသာပါသည်။
" ကဲ ဒါလေး စားပြီးရင် ဆေးသောက်လိုက်အုံးနော်"
"Kim အလုပ်မသွားဘူးလား"
"သွားမှာ အသေးလေးကို ကျောင်းတခါတည်းလိုက်ပို့ပေးမလို့"
" အော် အဲ့ဆို ခနစောင့်နော် ဒါလေးစားပြီးရင် အဝတ်အစား မြန်မြန်လဲလိုက်မယ်"

YOU ARE READING
Love Is Gone
Fanfiction" အတိတ်မှာ ဖြစ်ခဲ့တာတွကို စိတ်ထဲမထားဘဲ ကိုယ့်ပေးမယ့် အချစ်တွေကိုသာ နောင်တမရဘဲ ခံယူပေးပါ ရှေ့ဆက်လျှောက်မယ့် မင်းဘဝလေးကို တာဝန်ယူပါရစေ " Kim Jongin " အတိတ်ဆိုတဲ့အကြောင်းအရာတွေက ကျွန်တော်အတွက် နာကျင်ရတာထက်ပိုတယ် အဲ့ဒါတွေကို စွန့်လွှတ်ပြီး Kim နောက်လ...