" ဂျောင်ဆူး ..."
"Kim ဘယ်ကိုလာတာလဲ "
"ဂျောင်ဆူးနဲ့သွားစရာတစ်နေရာရှိလို့ လိုက်ခဲ့ပါလား"
"ဟို ကျွန်တော် ကျောင်း ကျောင်း...."
ကျောင်းတတ်ရအုံးမှာဆိုပြီး ဆင်ခြေပေးမဲ့ အသေးလေးကို လက်ကနေဆွဲခေါ်လာလိုက်တယ်
ခုဆို အသေးလေးနဲ့ အဆက်သွယ်ရှိနေဖို့ အရေးကြီးဆုံးအရာလေးကို ဝယ်ဖို့သွားနေတယ် ဆိုပါတော့
"ကဲ ရောက်ပြီ အသေးလေး"
"Kim ဘာလို့ ဖုန်းဆိုင်ကြီးလဲ"
"အရမ်းစကားများတာဘဲ လိုက်ခဲ့"
"iphone ထဲက ခုအသစ်ထွက်တဲ့ Model လေး တချက်လောက်ပြပါ"
"Kim ဘာလုပ်ဖို့လဲ "
"အသေးလေးအတွက်လေ "
"ကျွန်တော် မလိုဘူး ရတယ် "
"ဒါပေမဲ့ ကိုယ့်အတွက်လိုတယ်လေ အသေးလေးနဲ့ အမြဲ တီတီတာတာလေးတွေ ပြောချင်တာ"
"ဒါပေမဲ့ တီတီလေးသိသွားရင် ဆူခံရလောက်မှာ ဘယ်ကရလာလဲဆိုပြီး"
"ဒါဆို ဂျောင်ဆူးတီလေး မသိအောင်ကိုင်ပေါ့ ကိုယ်က တကယ် ဂျောင်ဆူးနဲ့ညဘက်ဆို စကားတွေ ပြောချင်တာကိုး ဘယ်လိုလုပ်ရမလဲ"
ကဲ ကြည့်ပါအုံး သူက အငယ်ကြနေတာ ချွဲနေပုံက
"အဲ့ဒါဆိုလဲ ဈေးနည်းတာလေးဘဲ ဝယ်ပေးပါ iphone က ဈေးအရမ်းကြီးတယ် "
" ဒီပိုက်ဆံလောက်က ဘာမှ မဖစ်ပါဘူး ကိုယ်မှာ ရှိတာတွေ အကုန်လုံးက ဒီက ဂျောင်ဆူးလေး အတွက်ချည်းဘဲ"
"Kim ဘာတွေ ပြောနေတာလဲ ကျွန်တော် ကားပေါ်ကဘဲ စောင့်တော့မယ်"
အကိုက ဘာတွေပြောနေမှန်းမသိဘူး တကယ်ဘဲ ဝန်းထမ်းကောင်မလေးတွေကလည်း ပြုံးစိစိနဲ့ကြည့်နေကြတယ် တကယ်ရှက်ဖို့ကောင်းလိုက်တာ ...နေပါအုံး အခု ငါကရှက်နေတာလား ဘာကြောင့်လဲ ဟာ မသိတော့ဘူး ...
"ဒါဆို ဒီဖုန်းလေး ထည့်လိုက်မယ်နော် "
"ဟုတ်ကဲ့ "
"အကိုနဲ့ အကိုကောင်လေးက အရမ်းလိုက်ဖက်တာဘဲနော် အမြဲချစ်နိုင်ကျပါစေလို့ ဆုတောင်ပေးလိုက်တယ်နော် "
YOU ARE READING
Love Is Gone
Fiksi Penggemar" အတိတ်မှာ ဖြစ်ခဲ့တာတွကို စိတ်ထဲမထားဘဲ ကိုယ့်ပေးမယ့် အချစ်တွေကိုသာ နောင်တမရဘဲ ခံယူပေးပါ ရှေ့ဆက်လျှောက်မယ့် မင်းဘဝလေးကို တာဝန်ယူပါရစေ " Kim Jongin " အတိတ်ဆိုတဲ့အကြောင်းအရာတွေက ကျွန်တော်အတွက် နာကျင်ရတာထက်ပိုတယ် အဲ့ဒါတွေကို စွန့်လွှတ်ပြီး Kim နောက်လ...