Jongin အသေးလေးနဲ့ အဆက်သွယ်မရတာ ၄ရက်လောက်ရှိပြီ အိမ်သွားပြီးစုံစမ်းတော့လဲ အိမ်ပေါ်က ဆင်းသွားတယ်တဲ့ ဘယ်များသွားနေတာလဲ ကလေးရယ် လူကို စိတ်ပူအောင်လုပ်ရက်တယ်
အသေးလေးနဲ့ မတွေ့ရတဲ့နေ့ကစပြီး အရက်ဘဲ သောက်နေမိတာ အရက်သောက်နေတဲ့ အချိန်အတွင်းမှာတောင် လွမ်းရပါတယ် အချစ်ရေ
📱ကလင် ကလင်📱
"ဟယ်လို"
"မင်း ငါ့ဆီလာခဲ့ ငါပြောစရာရှိတယ် "
" မလာ ကျစ် ဖုန်းချသွားပြန်ပြီ"
~~~~~~
"ဖေဖေ ကျွန်တော်ကို ဘာပြောမလို့လဲ "
"ဒီပုံတွေက ဘာတွေလဲ မင်း ရှင်း "
အော် သူနဲ့ ဂျောင်ဆူးနဲ့ ပုံတွေဘဲ
"သားနောက်ကို လူလွှတ်ထားတယ်ပေါ့"
"အဲ့ဒါကို အသာထား အဲ့ကောင်လေးက ဘယ်သူလဲ ဆိုတာ အရင်ရှင်း "
"သား ချစ်သူ သား အသက်ထက် ချစ်ရတဲ့ သားချစ်သူ"
"မင်း ခွေးလိုကောင် ယောင်္ကျားလေးတျောက်ကို ချစ်ကြိုက်ရအောင် မင်းက Gay လား။ ဟမ် အခု ငါ့ပတ်ဝန်းကျင် ငါ့အသိုင်းဝိုင်းမှာ ငါဘယ်လို မျက်နှာ ပြရမလဲ ဟမ် အဲ့ကောင်လေးနဲ့ အခု အဆက်ဖြတ်"
"အဲ့ဒါတော့ ကျွန်တော်ကို လာမတားနဲ့ ကျွန်တော် သူ့ကို ဘယ်တော့မှ လက်လွှတ်မှာ မဟုတ်ဘူး ပြီးတော့ သားချစ်မိတာက ယောက်ျားလေးဖစ်သွားတာက လွှဲလို့ သား gay မဟုတ်ဘူး အဖေ အဖေ့ပတ်ဝန်းကျင်မှာ မျက်နှာ မပြဝံ့ရင် သားကို အမွှေဖြတ် စွန့်လွှတ်လိုက် "
"မင်း.... ခွပ်!"
"တော်ပါတော့ ဖေကြီးရယ် သားက ယောင်္ကျားလေးတျောက်ကို ကြိုက်တာ ဘာဖစ်လို့လဲ ဒီခေတ်ကြီးထဲမှာ အဲ့ဒါက အဲ့လောက် ဆိုးလို့လား ကျွန်မကတော့ လက်ခံတယ် ရှင် လက်မခံရင် ကျွန်မ သားနဲ့ အိမ်ပေါ်က ဆင်းမယ် သားရဲ့ အချစ်ရေးကို မပိတ်ပင်ပါနဲ့ ရှင်လဲ အရင်က ရှင့်မိဘ စကားကို နားထောင်လို့ ကျွန်မတို့ ဝေးခဲ့ပြီးပြီ အဲ့လို နောင်တရတဲ့ ခံစားချက်ကြီးကို သားလေးကို မခံစားစေချင်ဘူး တောင်းပန်ပါတယ် သားလေးအချစ်ရေးကို မပိတ်ပင်ပါနဲ့ "
YOU ARE READING
Love Is Gone
Fanfiction" အတိတ်မှာ ဖြစ်ခဲ့တာတွကို စိတ်ထဲမထားဘဲ ကိုယ့်ပေးမယ့် အချစ်တွေကိုသာ နောင်တမရဘဲ ခံယူပေးပါ ရှေ့ဆက်လျှောက်မယ့် မင်းဘဝလေးကို တာဝန်ယူပါရစေ " Kim Jongin " အတိတ်ဆိုတဲ့အကြောင်းအရာတွေက ကျွန်တော်အတွက် နာကျင်ရတာထက်ပိုတယ် အဲ့ဒါတွေကို စွန့်လွှတ်ပြီး Kim နောက်လ...